0 Shares 91 Views

BlackBerry ရဲ့ ပထမဆုံး Android စနစ်သုံးစမတ်ဖုန်း The Priv ကို ဆန်းစစ် သုံးသပ်ခြင်း

Jan 13, 2016
0 91

 

Priv 1

 

BlackBerry ဆိုတာဟာ ကမ္ဘာမှာ ကိုယ်ပိုင် Operating System နဲ့ ရပ်တည်နေတဲ့ ဖုန်းအမျိုးအစားပါ။ ဒါပေမယ့် ၂၀၁၅ ခုနှစ် အကုန်ပိုင်းလောက်မှာ BlackBerry က Android OS စနစ်ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီဖုန်းကတော့ BlackBerry Priv ပဲဖြစ်ပါတယ်။ Priv ဆိုတဲ့ စကားလုံးဟာ “Privacy” နဲ့ “Privilege” တို့ကို ကိုယ်စားပြုပါတယ်။ သင့်ရဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှုဟာ သင့်ရဲ့ အထူးအခွင့်အရေးတစ်ရပ်ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ပါတယ်။

BlackBerry ရဲ့ ကိုယ်ပိုင် OS ကို မသုံးပဲ Android ရဲ့ Lollipop စနစ်ကို သုံးထားတာကြောင့် ဒီဖုန်း ရဲ့ အားသာချက်ဟာ App တွေများစွာကို ရွေးချယ်သုံးစွဲခွင့်ရလာခဲ့ပါတယ်။ ကုမ္မဏီ ရဲ့ ပြောကြားချက်အရတော့ သူတို့ရဲ့ စမတ်ဖုန်းရောင်းအားဟာ လွန်ခဲ့တဲ့ ၁ နှစ်ခန့်ကအနေအထားနဲ့ ယှဉ်ရင်ထက်ဝက်ခန့် ရောင်းအားကျလာခဲ့တာကြောင့် Android စနစ်ကို အသုံးပြုခဲ့တာပဲ ဖြစ်တယ်လို့ သိရပါတယ်။ ကဲ ဒါဆို ဈေးနှုန်းအားဖြင့် ၆၉၉ ဒေါ်လာ ကျသင့်မယ့် BlackBerry Priv အကြောင်းလေးတွေ လေ့လာကြည့်ရအောင်။

ဒီဇိုင်း

Priv 2

၅.၄ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင်ဟာ Corning Gorilla Glass 4 ကို အသုံးပြုထားပြီး 1440p ကြည်လင်ပြတ်သားမှု ရှိတဲ့ ပြသမှုမျိုးကို ရရှိနိုင်မှာပါ။ ဒါပေမယ့်လည်း BlackBerry ရဲ့ ထုံးစံအတိုင်း QWERTY ကီးဘုတ်ကို ဖုန်းမှာပဲ စလိုက်ဆွဲချလိုက်တာနဲ့ ဟာ့ဒ်ဝဲ အနေနဲ့ အသုံးပြုနိုင်အောင် ဖန်တီးထားပြန်ပါတယ်။ ဒီလိုထည့်သွင်းထားခြင်းဟာလည်း Priv ရဲ့ အားနည်းချက်တစ်ခုဖြစ်လာခဲ့ပြန်ပါတယ်။ Priv ရဲ့ ကီးဘုတ်ဟာ လက်ချောင်းကြီးမားသူတွေအတွက် စာရိုက်ဖို့ခက်ခဲနေတာကိုတွေ့ရပါတယ်။

ဒါ့အပြင် Priv ရဲ့ မျက်နှာပြင်ဟာ Samsung ရဲ့ Galaxy S6 Edge+ လိုပဲ ကွေးကောက်နေတဲ့ မျက်နှာပြင်မျိုးပါ။ ဒါပေမယ့် Samsung ကတော့ သူ့ရဲ့ ကွေးကောက်နေတဲ့ မျက်နှာပြင်မှာ App တွေ ၊ Notification တွေနဲ့ Missed Call တွေကိုဖော်ပြတဲ့ Tab တွေ ထည့်ထားခွင့်ပေးပေမယ့် BlackBerry ကတော့ App အနည်းငယ်နဲ့ ဘက်ထရီ သက်တမ်းကို ပြသဖို့သာ ခွင့်ပြုထားတာဖြစ်ပါတယ်။

ဆော့ဖ်ဝဲနဲ့ App များ

BlackBerry Priv ဟာ Android စနစ် 5.1.1 Lollipop စနစ်ကို ထည့်သွင်းအသုံးပြုထားတာက အားသာချက်တစ်ခုပါ။နောက်ပိုင်းမှာလည်း Android 6.0 Marshmallow အဖြစ် Update လုပ်ခွင့်ပေးသွားဦးမယ်လို့လည်းသိရပါတယ်။ Android OS စနစ်ကို သုံးထားတယ်ဆိုကတည်းက Google Play Store ကို သုံးစွဲခွင့်ရသွားပါတယ်။ အဲဒီလို App တွေများစွာ သုံးစွဲခွင့်ပေးလိုက်ခြင်းဟာ BlackBerry Priv ရဲ့ရောင်းအားကို အထောက်အကူဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် BlackBerry က Android စနစ်ကို သုံးထားပေမယ့် လုံခြုံရေးအတွက်တော့ အထူးသတိပြုထားဆဲပါတယ်။ ဒါကြောင့်မို့ Priv secure ဆိုတဲ့ App ကို ဆက်လက်ထည့်သွင်းထားခဲ့ပြီး ထို App ဟာ သင့်ဖိုင်တွေကို encrypt ပြုလုပ်ပြီးရင်လည်း အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။

ကင်မရာနဲ့ ဗီဒီယို

 

Priv 4

 

Priv ဟာ ဂျာမနီနိုင်ငံ မှန်ဘီလူး ထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ Schneider-Kreuznach ကုမ္မဏီက ထုတ်လုပ်တဲ့ 18 Megapixel ရုပ်ထွက်ရှိတဲ့ ကင်မရာ ကိုတပ်ဆင်ပေးထားပါတယ်။ ကုမ္မဏီ ရဲ့ ပြောကြားချက်အရတော့ ထိုကင်မရာဟာ များစွာ လုပ်ဆောင်နိုင်ပါတယ်တဲ့။ Phase Detect Autofocus လိုလုပ်ဆောင်ချက်မျိုးတွေဟာ သင့်ရဲ့လှုပ်ရှားမှုတွေကို ရိုက်ကူးခြင်းနဲ့ အရောင်၂မျိုးပါတဲ့ LED Flash တို့ဟာ သင့်ရဲ့ ရိုက်ချက်တွေကို ပိုမိုတောက်ပစေနိုင်တယ်လိုပလည်းရေးသားထားပါတယ်။

တစ်ကယ့် လက်တွေ့မှာတော့ ကင်မရာဟာ အပြစ်ပြောစရာတစ်ခုဖြစ်နေပြန်ပါတယ်။ Lens ဟာ Focus ဖြတ်ဖို့အတွက် အရမ်းမြန်ဆန်နေတာကြောင့် ဓါတ်ပုံရဲ့ ကြည်လင်ပြတ်သားမှုတွေဟာ မသပ်ရပ်ပါဘူး။အလိုလျောက် အဖြူရောင်ထည့်ပေးတဲ့ လုပ်ဆောင်ချက်ဟာလည်း သိပ်အသုံးမ၀င်သလို Camera App ဟာ သင့်အတွက် သိပ်ပြီး Edit လုပ်ဖို့ ရွေးချယ်ခွင့်မရပါဘူး။ Flash အလင်းရောင်ဟာလည်း ဓါတ်ပုံတွေရဲ့ ကြည်လင်ပြတ်သားမှုကို ဖွယ်သွားစေပါတယ်။ အရှေ့ကင်မရာဟာလည်း 2 Megapixel သာရှိနေတာကြောင့် အနောက်ကင်မရာနဲ့ ယှဉ်ရင် မျှတမှု မရှိတဲ့ တပ်ဆင်ထားမှုပါပဲ။ ဒါပေမယ့် ဗီဒီယို ပိုင်းမှာတော့ ဒီကင်မရာဟာ စွမ်းဆောင်ရည်ကောင်းမွန်နေပြန်ပါတယ်။ 4K အထိ ကြည်လင်ပြတ်သားမှုရှိတဲ့ အနောက်ကင်မရာဟာ 1080p (သို့) 720p မှာ 30 frames per second အထိ ရိုက်ကူးနိုင်ပါတယ်။

ဟာ့ဒ်ဝဲ ပါဝင်မှုများ

BlackBerry Priv ဟာ 64-bit Snapdragon 808 SoC ကို အဓိက အသုံးပြုထားပြီး 1.8GHz ရှိတဲ့ Dual-Core CPU ကိုလည်း တပ်ဆင်ပေးထားပါသေးတယ်။ ဖုန်းတွင်းသိုလှောင်နိုင်တဲ့ပမာဏကတော့ 32GB ရှိပြီး RAM ကတော့ 3GB အထိ အသုံးပြုထားပါတယ်။ microSD ကတ်ထည့်သွင်းမယ်ဆိုရင် 2TB အထိ သိုလှောင်ပမာဏကို တိုးချဲ့နိုင်ပါတယ်။ ဒီလို ဟာ့ဒ်ဝဲ သုံးစွဲထားမှုတွေကတော့ အရည်အသွေးမြင့် တန်ဖိုးကြီး စမတ်ဖုန်းတစ်လုံးအတွက် သင့်တော်တယ်လို့ဆိုနိုင်မှာပါ။

ဘက်ထရီအနေနဲ့ကတော့ Priv ဟာ 3410mAh ဘက်ထရီကို အသုံးပြုထားပြီး ဖြုတ်/တပ် လို့မရနိုင်ပါဘူး။ Priv ဟာ ဗီဒီယိုတွေပဲကြည့်မယ်ဆိုရင် ၁၀ နာရီနဲ့ ၂၅ မိနစ် အသုံးခံပါတယ်။ ဒါပေမယ့် Priv လိုပဲ တန်ဖိုးကြီး အရည်အသွေးမြင့်ဖုန်းတွေဖြစ်တဲ့ Samsung ရဲ့ Galaxy Note 5 ဟာ ၁၅ နာရီအထိ အသုံးခံပြီး Galaxy S6 ကတော့ ၁၂ နာရီနဲ့ ၂၄ မိနစ် အသုံးခံပါတယ်။ ဒါကြောင့် Priv ရဲ့ ဘက်ထရီ သက်တမ်းဟာ မကောင်းဘူးလို့ မဆိုနိုင်သလို သိပ်ပြီး အားရဖို့ကောင်းတဲ့ အခြေအနေမျိုးလည်း မဟုတ်ပါဘူး။

 

သုံးသပ်ချက်

 

Priv 3

ခြုံငုံပြီးသုံးသပ်ကြည့်မယ်ဆိုရင် Priv ဟာ ဖုန်းပေါ်မှာတင် စလိုက်စနစ်နဲ့ ကီးဘုတ်တစ်ခုတပ်ဆင်ပေးထားခြင်းက ဆန်းသစ်မှု တစ်ခုဖြစ်နေသလို Android စနစ်ကို သုံးထာတာက အားသာချက်တစ်ခုပါပဲ။နောက်ပြီး ဗီဒီယို လုပ်ဆောင်ချက်ဟာလည်း တန်ဖိုးနဲ့ ထိုက်တန်လောက်အောင် ကောင်းမွန်နေပါတယ်။ အားနည်းချက်အနေနဲ့ကတော့ Priv မှာ ထည့်သွင်းပေးထားတဲ့ ကီးဘုတ်ဟာ လက်ချောင်းကြီးမားသူတွေအတွက် ကပ်သီးကပ်သက် နိုင်နေပြီး လုံခြုံရေးကို ဦးစားပေးတဲ့ ဟန်းဆက်တစ်ခုအနေနဲ့ ဖုန်းကို Unlock လုပ်တဲ့အခါ လုံခြုံမှုရှိဖို့ Fingerprint Scanner (သို့) Iris Scanner မပါဝင်လာခြင်းက လက်ညှိုးထိုးစရာ ဖြစ်နေခဲ့ပါတယ်။

Ref : CNet

You may be interested

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
0 shares0 views

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
851 shares77 views

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
34 shares9 views

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…

Leave a Comment

Most from this category