1 Shares 144 Views

ပန်းရောင် Sony Xperia Z5 ဖုန်း တရားဝင်ထွက်ရှိ

Jan 13, 2016
1 144

sony_xperia_z5_pink_table
ကောလဟာလတွေထွက်နေခဲ့တဲ့ Sony Xperia Z5 ဖုန်း ပန်းရောင်ကို အခုအခါ ကုမ္ပဏီက တရားဝင်ကြေငြာလိုက်ပြီဖြစ်ပါတယ်။

Sony ဟာ Xperia Z5 စမတ်ဖုန်းစီးရီးအတွက် အနက်ရောင်၊ အစိမ်းရောင်၊ စိမ်းဝါရောင် နဲ့ အဖြူရောင် ဆိုပြီး အရောင်လေးမျိုးထုတ်လုပ်ပေးထားခဲ့တာဖြစ်ပြီး အခုအခါမှာ အရောင်ခွဲအသစ်အဖြစ် ပန်းရောင် Z5 ကို စတင်ထုတ်လိုက်တာဖြစ်ပါတယ်။

Sony ရဲ့ ဖော်ပြချက်အရ၊ ‘ခေတ်ဆန်၊လှပတဲ့ပန်းရောင် Z5’ ဖုန်းဟာ တခြား Xperia Z5 ဖုန်းတွေလိုပဲ ဖုန်းနောက်ကျောမှာ လက်ဗွေရာမထင်နိုင်တဲ့ frosted glass ၊ အလူမီနီယမ်ဘောင်ကွပ်၊ လက်ဗွေရာစနစ်ပါတဲ့ပါဝါခလုတ်တို့ ပါဝင်ပါတယ်။

လက်ရှိစမတ်ဖုန်းတွေထဲမှာ ကင်မရာအကောင်းဆုံးစမတ်ဖုန်းလို့ ပြောနိုင်တဲ့ Xperia Z5 ဟာ 23 megapixels ရှိတဲ့ကျောဘက်ကင်မရာနဲ့ 5 megapixel ရှိတဲ့ ရှေ့ ကင်မရာတို့ ပါဝင်ပါတယ်။ 1080×1920 resolution ရှိတဲ့မျက်နှာပြင်နဲ့ ၅.၂ လက်မအရွယ် မျက်နှာပြင်ကလည်း အကောင်းဆုံး ရုပ်ထွက်ကိုပေးစွမ်းနိုင်မှာပါ။

အတွင်းပိုင်းသိုလှောင်မှု 16 GB ပါဝင်တာကြောင့်လည်း များပြားတဲ့ ဒေတာတွေကို သိမ်းဆည်းထားနိုင်မှာဖြစ်ကာ၊ တကယ်လို့ လိုအပ်တယ်ဆိုရင် 2TB အထိ microSD ကတ် ထပ်စိုက်သုံးနိုင်ပါတယ်။ CPU အပိုင်းမှာလည်း 64-bit octa-core Qualcomm Snapdragon 810 ပရိုဆက်ဆာနဲ့ RAM ကလည်း 3GB တောင်ရှိပါတယ်။

ပန်းရောင် Z5 ရဲ့ ဈေးနှုန်းကိုတော့ ကုမ္ပဏီက ထုတ်ပြန်ကြေငြာထားခြင်းမရှိသေးဘဲ၊ ဖေဖော်ဝါရီလ လောက်မှာ ဈေးကွက်စတင်ဖြန့် ချိမှာဖြစ်ကာ၊ ဖုန်းရဲ့ ကျန်တဲ့အသေးစိတ်အချက်အလက်တွေကတော့ အတူတူပဲဖြစ်ပါတယ်။

Ref: GSM Arena

You may be interested

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ
Android, HUBS, Mobiles & Tablets
0 shares0 views

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ

Ko Thuya - Oct 23, 2018

ဆမ်ဆောင်းက စမတ်ဖုန်းရဲ့ Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေပါတယ်။ လက်ရှိ Fingerprint Reader များဟာ ယခင်မျိုးဆက်များထက် အရွယ်အစား သေးငယ်ပြီး ထည့်သွင်းထားတဲ့ တည်နေရာမှာသာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ စကရင်တစ်ခုလုံးရဲ့ ဘယ်နေရာကို…

Xiaomi Mi Mix 3 ဟာ Snapdragon 855 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi Mix 3 ဟာ Snapdragon 855 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်

Ko Thuya - Oct 23, 2018

Mi Mix 3 ကို မိတ်ဆက်မယ့် ရက်နီးလာလေလေ သူ့ရဲ့ သတင်းအချက်အလက်များဟာလည်း ပိုမို ထွက်ပေါ်လာလေလေ ဖြစ်ပါတယ်။ ဘောင်ပျောက် ဒီဇိုင်း ဖြစ်တဲ့ Mi Mix Series ရဲ့ စတုတ္ထမြောက် ဖုန်း လည်း ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ…

Samsung ရဲ့ Gaming Phone လာမည်
Android, HUBS, Mobiles & Tablets
0 shares8 views

Samsung ရဲ့ Gaming Phone လာမည်

Ko Thuya - Oct 23, 2018

ဆမ်ဆောင်းက Gaming Phone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း အဲဒီ သတင်းဟာ မတူညီတဲ့ အခြား တစ်နေရာက ထွက်ပေါ်လာပါတယ်။ I Ice Universe က ၀ီဘိုမှာ ဒီသတင်းကို ဖွလိုက်တာ ဖြစ်ပါတယ်။…

Leave a Comment

Most from this category