0 Shares 167 Views

iPhone 5e နာမည်နဲ့ လေးလက်မအရွယ် iPhone မကြာမီထွက်ရှိဖွယ်ရှိ

Jan 13, 2016
0 167

iphone_5e_braum_weibo

လွန်ခဲ့တဲ့လတွေတုန်းက ထွက်တော့မယ်လို့ ကောလဟာလတွေထွက်ခဲ့တဲ့  လေးလက်မအရွယ်ရှိတဲ့ iPhone ဟာ ယခုအခါ 6c ဒါမှမဟုတ် 7c နာမည်နဲ့ မဟုတ်တော့ဘဲ ‘iPhone 5e’ နာမည်နဲ့ ထွက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။

နာမည်ကျော်တရုတ်ဈေးကွက်စိစစ်လေ့လာသူတစ်ဦးက တရုတ်လူမှုကွန်ရက် Weibo မှာ တင်ခဲ့တဲ့ ပို့ စ်တစ်ခုအရ၊ လူအများစောင့်မျှော်နေကြတဲ့ လေးလက်မအရွယ် iPhone ဟာ ‘iPhone 5e’ နာမည်နဲ့ ထွက်ရှိလာမှာဖြစ်ပြီး e ဟာ ‘enhanced’ (မွမ်းမံထားသော) ကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ ဒီဖုန်းဟာ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ iPhone 5s ကို အသစ်မွမ်းမံထားတဲ့ဖုန်းဖြစ်တယ်လို့ လည်း သိရပါတယ်။

လေးလက်မအရွယ် iPhone 5e မှာ Apple Pay ငွေချေစနစ်ပါဝင်လာမှာဖြစ်ပြီး၊ NFC နည်းပညာနဲ့ VoLTE ကွန်ရက်ချိတ်ဆက်နိုင်မှုတို့ ပါဝင်လာမှာဖြစ်ပါတယ်။ ကျောဘက်ကင်မရာက 8-megapixel ရှိပြီး iPhone 6 မှာစတင်အသုံးပြုခဲ့တဲ့ A8 ပရိုဆက်ဆာကိုပဲ ပြန်လည်အသုံးပြုထားကာ RAM ကတော့ 1GB ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဈေးကတော့ အတန်ငယ်များပြီး ရူပီး ၃၃၄၀၀ (မြန်မာငွေ ခြောက်သိန်းခွဲခန့် ) ရှိမှာပါ။

လွန်ခဲ့တဲ့အပတ်က ပေါက်ကြားခဲ့တဲ့ ၄ လက်မအရွယ် iPhone ဓာတ်ပုံတွေမှာ တွေ့ မြင်ရသလောက် ယခု iPhone 5e ဟာ လက်ရှိမျိုးဆက် iPhone တွေလိုပဲ ထောင့်စွန်းအကွေးပုံစံပဲဖြစ်ပါတယ်။ ကျောဘက်ဒီဇိုင်းပိုင်းကလည်း iPhone 6 နဲ့ တစ်ပုံစံတည်းဖြစ်ပြီး ရှေ့ ဘက်ဒီဇိုင်းကတော့ iPhone တွေရဲ့ ဒီဇိုင်းအတိုင်းပဲဖြစ်ကာ လက်ဗွေရာဖတ်ရှုနိုင်တဲ့ home ခလုတ်ပါ ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

Ref: Gadgets360

You may be interested

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
0 shares0 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။
FEATURES, Pc & Laptops, Softwares & Application
119 shares30 views

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။

Ko Thuya - Feb 19, 2018

Smartphones,Tablets,Macs,Linux မှာ Programs တွေကိုလျှင်လျှင်မြန်မြန် အင်စတောလုပ်နိုင်ပေမယ့် Windows မှာ Programs တွေကို အင်စတောလုပ်ရတာ အနည်းငယ်အလုပ်ရှုပ် ပါတယ်။ Windows မှာ Programs တွေကို အင်စတောလုပ်ရင် Wizard တွေကိုတွေ့ မြင်ရမှာဖြစ်ပြီးတစ်ဆင့်ချင်းလုပ်ဆောင်ရတာဖြစ်ပါတယ်။ကွန်ပြူတာအသစ်ဝယ်လို့ ပဲဖြစ်ဖြစ် ၊၀င်းဒိုးအသစ်တင်လို့ ပဲဖြစ်ဖြစ်…

Nokia 10 နဲ့ပတ်သတ်တဲ့ specification များ
Mobiles & Tablets, NEWS, Nokia
283 shares329 views

Nokia 10 နဲ့ပတ်သတ်တဲ့ specification များ

Ko Thuya - Feb 19, 2018

[Zawgyi] လာမယ့် MWC 2018 ပွဲအတွက် HMD က အားလုံးအံ့အားသင့်သွားစေမယ့်အရာတစ်ခု မိတ်ဆက်မယ်လို့ ကြေညာခဲ့ပြီးသားပါ။ ဒီပွဲမှာ ဖုန်းပေါင်းများစွာပြသမှာဖြစ်ပြီး Nokia 4, Nokia 5 2018, Nokia 7 Plus နဲ့ Nokia 6…

Leave a Comment

Most from this category