၁၉၅၄ခုနှစ်ရဲ့ ဒီနေ့မှာ ကွန်ပျူတာတွေရဲ့ ဖခင်ကြီး Alan Turing ဟာ ကိုယ့်ကိုယ်ကိုသတ်သေခဲ့ပါတယ်

ခေတ်ဦးကွန်ပျူတာတွေရဲ့ ဖခင်ကြီးလို့ဆိုရမယ့် ကွန်ပျူတာသိပ္ပံပညာရှင်ကြီး အလန်တျူရင်း (Alan Turing) ဟာ ၁၉၅၄ခုနှစ်၊ ဇွန်လ  ၇ရက်နေ့မှာ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ပါတယ်။ သူဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တွေရဲ့ Enigma လို့ခေါ်တဲ့ လျို့ဝှက်ကုဒ်တွေနဲ့ ဆက်သွယ်တဲ့ စက်ကို ချိုးဖျက်ဝင်ရောက်ပြီး ဂျာမန်ရေငုပ်သင်္ဘောတွေရဲ့ တော်ပီဒိုဒုံးကျည်တွေပစ်မယ့် အချက်အလက်တွေကို ထောက်လှမ်းနိုင်ခဲ့ပါတယ်။

enigma-machine1
ဂျာမန်တွေရဲ့ Enigma စက်

ဒီစက်ကိုထောက်လှမ်းနိုင်ခဲ့တဲ့ အကျိုးဆက်ကြောင့် လူပေါင်း ၁၄သန်းရဲ့ အသက်တွေကို ကယ်တင်နိုင်ခဲ့ပြီး ကမ္ဘာစစ်ပွဲကိုလည်း နှစ်နှစ်ခန့်တိုတောင်းစေခဲ့တယ်လို့ သမိုင်းဆရာတွေက ဆိုပါတယ်။ သူ့ကို ၂၀၁၃ခုနှစ်မှာ အင်္ဂလန်ပြည့်ရှင်ဘုရင်မကြီးက ဆုတံဆိပ်ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီအပြင် သူဂျာမန်တွေရဲ့ စက်ကို ချိုးဖောက်ဖို့ ကြိုးစားခဲ့တဲ့အကြောင်းကို ၂၀၁၄ခုနှစ်မှာ ဗြိတိန်မင်းသား ဘင်နီဒစ်ကမ်ဘာဘတ်ခ်ျ (Benedict Cumberbatch)၊ ကီရာနိုက်တလေ (Keira Knightley) တို့နဲ့ The Imitation Game ဆိုတဲ့ ဇာတ်ကားရိုက်ကူးပြီး ဂုဏ်ပြုခဲ့ပါတယ်။

Turine ဟာ လိင်တူနှစ်သက်သူ (Gay) လို့ကိုယ့်ကိုယ်ကို ဝန်ခံခဲ့ပြီး အစိုးရကပြဌာန်းတဲ့ ဟော်မုန်းကို ပြန်လည်ပြောင်းလဲ စေတဲ့ကုထုံးနဲ့ ကုသမှုခံယူအပြီး နှစ်နှစ်အကြာမှာ ဆိုင်ရာနိုက်အဆိပ်သုတ်ထားတဲ့ ပန်းသီးကိုစားသုံးပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။

Ref: Computer History, Wikipedia

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.

Leave a Reply

Top