0 Shares 104 Views

Mac OS အသုံးပြုသူတွေအတွက် သီးသန့် Facebook Meseenger app မကြာခင်ထွက်ရှိလာဖွယ်ရှိ

CEO Mark Zuckerberg talks about the Messenger app during the Facebook F8 Developer Conference Wednesday, March 25, 2015, in San Francisco. Facebook is trying to mold its Messenger app into a more versatile communications channel as smartphones create new ways for people to connect with friends and businesses beyond the walls of the company's ubiquitous social network. (AP Photo/Eric Risberg)

Apple ရဲ့ Mac OS အသုံးပြုသူတွေဟာ မကြာမီအချိန်အတွင်းမှာ Facebook Messenger ကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

Facebook ဟာ Mac OS အတွက် သီးသန့် Messenger app ကို ရေးဆွဲပြီးဖြစ်တယ်လို့ TechCrunch အွန်လိုင်းနည်းပညာသတင်းဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

Facebook ရဲ့ဝန်ထမ်းတစ်ဦးဟာ Messenger Mac app သုံးနေပုံကို TechCrunch က တင်ပြခဲ့ပြီး အဆိုပါပုံဟာ အနည်းငယ်ဝိုးတိုးဝါးတားဖြစ်နေပေမယ့်၊ Facebook Messenger မှန်း သိသာပါတယ်။

Mac app ဟာ iOS က Messenger app လိုပဲ အောက်ဘက်ဘယ်ဘက်နားမှာ လမ်းညွှန်တက်ဘ်ဘားတစ်ခုပါရှိမှာဖြစ်ပြီး မကြာသေးမီက ဆက်သွယ်ထားသူတွေ၊ အုပ်စုလိုက်စကားပြောဆိုမှု၊၊ တစ်ဦးချင်းနဲ့ setting ချိန်ညှိမှုတွေ ပါဝင်တယ်လို့ သိရပါတယ်။

Facebook Messenger ကို လက်ရှိမှာ web browser ကနေပြီး Messenger.com ကိုဝင်ကာအသုံးပြုနိုင်ပေမယ့်၊ သုံးစွဲနေသူအများစုရဲ့အကြံပေးချက်အရ မိုဘိုင်းဖုန်းက Messenger app ကို သုံးရင်သုံး၊ ဒါမှမဟုတ် Facebook.com ကိုဝင်ကာ Messenger သုံးတာက ပိုပြီး အဆင်ပြေ ချောမွေ့ မှုရှိပြီး၊ Messenger.com ကနေ ၀င်မသုံးဖို့ အကြံပေးထားပါတယ်။

Facebook ဟာ Windows OS အတွက် Messenger app ကို ၂၀၁၂ ခုနှစ်က စတင်ထုတ်ပေးခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ၂၀၁၄ ခုနှစ်မှာ ပိတ်သိမ်းခဲ့ရပါတယ်။

၂၀၁၄ ခုနှစ်မှာပဲ Facebook ကို မိုဘိုင်းဖုန်းတွေကနေအသုံးပြုသူတွေအတွက် Messenger app ကို သက်သက်ထုတ်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ပြင်ပ developer တွေအနေနဲ့ လည်း သူတို့ စိတ်ကြိုက် feature တွေ ထည့်သွင်းနိုင်အောင် ပြောင်းလဲ မှုပြုလုပ်ပေးခဲ့ပါတယ်။

ဒီအပြောင်းအလဲကြောင့်  အခုဆိုရင် Messenger app ကို လစဉ်သုံးစွဲသူပေါင်း သန်း ၈၀၀ ကျော်ရှိနေပြီဖြစ်တာကို တွေ့ ရပါတယ်။

ယခုထွက်ရှိမယ့် Mac Messenger app မှာဆိုရင် သုံးစွဲသူတွေအနေနဲ့  သတင်းတွေ၊ပို့ စ်တွေ ပြည့်နှက်နေတဲ့ Facebook စာမျက်နှာကို ၀င်စရာမလိုဘဲ Messenger ကိုပဲ တိုက်ရိုက်ဝင်ရောက်ကာ မိတ်ဆွေ၊အပေါင်းအသင်းတွေနဲ့ လွတ်လွတ်လပ်လပ်စကားပြောဆိုနိုင်မှာဖြစ်ပါတယ်။

Mac အတွက် Messenger app ဘယ်တော့ထွက်ရှိမလဲဆိုတာ Facebook က တရားဝင်ကြေငြာထားရခြင်းမရှိသေးပေမယ့်၊ ဧပြီလအတွင်း Facebook က နှစ်စဉ်ကျင်းပလေ့ရှိတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ developer များညီလာခံမှာ ကြေငြာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Ref: mashable

You may be interested

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares0 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares25 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ
Apple, Mobiles & Tablets, NEWS
916 shares187 views

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ့ iPhone Xr တို့မှာ Qualcomm modem တွေ သုံးချင်ခဲ့ပေမယ့်၊ Qualcomm က Chip မရောင်းခဲ့ကြောင်း Apple က ပြောကြားခဲ့ပါတယ်။ Qualcomm ရဲ့…

Leave a Comment

Most from this category