နော်ဝေနိုင်ငံဟာ လာမယ့် ဆယ်စုနှစ်တစ်ခုအတွင်းမှာ ရုပ်ကြွင်းလောင်စာသုံး ကားတွေ ရောင်းချတာကို တားမြစ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် နော်ဝေအနေနဲ့ ကမ္ဘာပေါ်မှာ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းမှုအားအကောင်းဆုံး နိုင်ငံအဖြစ်ဆက်လက် ရပ်တည်သွားဖို့ ရှိနေတာဖြစ်ပါတယ်။
ဒါကြောင့် နော်ဝေမှာရှိတဲ့ ကားတွေအနေနဲ့ လာမယ့် ၂၀၂၅ခုနှစ်မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ၁၀၀ရာခိုင်နှုန်းအထိ အပြည့်အဝ သုံးစွဲပြီးလည်ပတ်သွားဖို့ ရှိနေပါတယ်။ နော်ဝေသတင်းစာ Dagens Naeringsliv ရဲ့ဖော်ပြချက်အရ “ဆီသုံးကားအားလုံးကို FRP ဖယ်ရှားသွားတော့မည်” ဆိုတဲ့ခေါင်းစဉ်နဲ့ နော်ဝေရဲ့ လက်ဝဲယိမ်း ပရိုဂရက်စ်ပါတီ Framstegspartiet ရဲ့ပြောကြားချက်အပေါ် ကိုးကားပြီး ဖော်ပြခဲ့တာပါ။
ဒီသတင်းတွေအရဆိုရင် နော်ဝေဟာ လောင်စာဆီသုံးကားတွေနေရာမှာ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားတွေကို အဓိကအသုံးပြုသွားဖို့ရှိနေပြီး အမေရိကန် လျှပ်စစ်မော်တော်ကား ကုမ္ပဏီကြီး Tesla Motors ရဲ့ CEO ဖြစ်သူ Elon Musk ကဒီသတင်းကို သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာ တင်ခဲ့တာပါ။ “နော်ဝေက ၂၀၂၅ခုနှစ်မှာ လောင်စာဆီသုံးကားတွေ ရောင်းချတာကိုတားမြစ်မယ်လို့ သိရပါတယ်။ ဘယ်လောက်အံ့အားသင့်ဖွယ်ကောင်းတဲ့ နိုင်ငံပါလဲ” လို့လည်း ရေးသားထားခဲ့တာပါ။
နော်ဝေနိုင်ငံကားတွေရဲ့ ၂၄ရာခိုင်နှုန်းဟာ လျှပ်စစ်စွမ်းအင်သုံးကားတွေဖြစ်နေပြီ ဖြစ်ပြီး လျှပ်စစ်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တွေရဲ့ ၉၉ရာခိုင်နှုန်းကို ရေအားလျှပ်စစ်ကနေ ထုတ်ယူနေတယ်လို့ သိရပါတယ်။ နော်ဝေအနေနဲ့ လာမယ့် ၂၀၂၀မှာ လေအားလျှပ်စစ်ကနေ ဓာတ်အားထုတ်ယူမှုကို သုံးဆအထိတိုးမြှင့်နိုင်ဖို့ ရည်ရွယ်ထားပြီး ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်တုန်းက ဒေါ်လာ ၃ဘီလျံတန် ရင်းနှီးမြုတ်နှံမှုတွေကို ခွင့်ပြုပေးခဲ့ပါတယ်။
Ref: Independent
You must log in to post a comment.