တန်ဖိုးအနည်းဆုံး Redmi Note 8 3/32GB Model ကို အိန္ဒိယမှာ ရောင်းမည်

အိန္ဒိယမှာ Redmi Note 8 Series တွေဟာ အရမ်းကို လူကြိုက်များပါတယ်။ အခုတော့ ကုမ္ပဏီက ဒီထက် ဝယ်လိုအားကောင်းအောင် တန်ဖိုးအနည်းဆုံး Redmi Note 8 3/32GB Model ကို အိန္ဒိယမှာ ရောင်းတော့မယ်လို့ 91Mobiles က ပြောပါတယ်။ အဲဒီ ဖုန်းရဲ့ ဘူးခွံ ဓါတ်ပုံလည်း ထွက်ပေါ်လာပြီး 3GB RAM / 32GB Storage တွေကို ဘူူးခွံမှာ ရေးသားထားပါတယ်။ ရူပီး ၉,၇၉၉ နဲ့ ရောင်းချမယ်လို့ 91Mobiles က ပြောပြီး မြန်မာငွေ ၂၀၀,၀၀၀ လောက်တန်ကြေးရှိပါတယ်။ ဒီဈေးလောက်နဲ့ 48MP Quad Camera ကို ရမှာက တော်တော် မိုက်ပါတယ်။

အရင်က Xiaomi ဟာ အိန္ဒိယမှာ 4/64GB ကို ၉,၉၉၉ ရူပီး၊ 6/128GB Model ကို ၁၂,၉၉၉ ရူပီးနဲ့ ရောင်းချပေးထားပါတယ်။ မြန်မာငွေ ၂၁၀,၀၀၀ နဲ့ ၂၇၀,၀၀၀ အသီးသီး တန်ကြေးရှိပါတယ်။ 3/32GB Model ဟာ 4/64GB Model နဲ့ ဈေးသိပ်မကွာပါဘူး။ ဒါပေမယ့် 3/32GB Model ကို ကုမ္ပဏီက မြေပြင်စတိုးတွေကနေ ရောင်းပေးမှာဖြစ်တဲ့အတွက် မည်သူမဆို ဝယ်ယူနိုင်ပါတယ်။ RAM/ Storage ပိုများတဲ့ Model တွေကို Flash Sale ကနေပဲ ဝယ်ယူနိုင်မှာပါ။
Redmi Note 8 3/32GB Model ရဲ့ တခြား Specs တွေက အရင် Model တွေနဲ့ တူပါတယ်။ Note 8 မှာ Snapdragon 665 Chipset ထည့်သွင်းထားပြီး 11 nm Process နဲ့ တည်ဆောက်ထားပါတယ်။ Kryo 260 Core ၈ လုံး ပါပါတယ်။ အနောက်ဘက်မှာ 48MP Samsung ISOCELL GM2 Sensor , 8MP Ultrawide , 2MP Depth , 2MP Macro Cameras တွေ ထည့်သွင်းထားပါတယ်။ 13MP Selfie Camera တပ်ဆင်ထားပါတယ်။

Redmi Note 8 မှာ ၆.၃ လက်မ Full HD+ Display ပါပြီး တန်ဖိုးနည်း ဖုန်း ဖြစ်တဲ့ အတွက် OLED တော့ မသုံးထားပါဘူး။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာတော့ မပါပါဘူး။ 18W Charging ပါတဲ့ 4,000mAh Battery ပါပြီး USB-C Port ကနေ အားသွင်းရမှာပါ။

Ref : gizmochina

တန်ဖိုးအနည်းဆုံး Redmi Note 8 3/32GB Model ကို အိန္ဒိယမှာ ရောင်းမည်

%d bloggers like this: