Redmi က Snapdragon 730G ပါတဲ့ Redmi Note 8 Pro မထုတ်ဘူးလို့ ပြော

Redmi Note 8 Pro မှာ MediaTek Helio G90T Processor ထည့်သွင်းထားပါတယ်။ MediaTek က ထုတ်တဲ့အတွက် လူသိပ်မကြိုက်ပေမယ့် Review တွေအရ စွမ်းရည်က မိုက်ပါတယ်။ မကြာခင်ကတော့ Snapdragon 730G Processor ပါတဲ့ မော်ဒယ်ကို ရောင်းမယ်လို့ သတင်းထွက်လာပါတယ်။ China Communications Commission (3C) မှာ အဲဒီ ဖုန်းကို မှတ်ပုံတင်ထားတယ်လို့ တွစ်တာ သုံးသူ တစ်ယောက်က ဖွလိုက်တာပါ။ အခုတော့ ဒီသတင်းကို Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က ငြင်းဆိုလိုက်ပါတယ်။

Xiaomi Redmi K30 Series တွေရဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ Xiaomi က ၂၀၂၀ မှာ 5G ပါတဲ့ Redmi K30 ကို ရောင်းမယ်လို့ မကြာခင်က အတည်ပြုလိုက်ပါတယ်။ Xiaomi Group ရဲ့ ဒုတိယ ဥက္ကဌ Lu Weibing က ဒီသတင်းကို ဝီဘိုကနေ ပြောလိုက်တာပါ။ အရင်တော့ ဒီနှစ်ကုန်မှာ ကြေညာမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။
Redmi K30 မှာ 5G ပါတဲ့ Qualcomm 7250 Chipset ပါလာနိုင်ပြီး Dual 5G ကို ထောက်ပံ့ပါတယ်။ Punch Hole Selfie Camera ၂ လုံး ထည့်သွင်းထားနိုင်ပါတယ်။ သူ့ရဲ့ တခြား သတင်းအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ K30 ရဲ့ Selfie Camera တွေက 36MP+26MP တွေ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 64MP+28MP+18MP+8MP ကင်မရာ ၄ လုံး ပါလာမှာပါ။ OIS, EIS နဲ့ 30x Digital Zoom တွေ ထောက်ပံ့ထားမှာပါ။ 4800mAh Battery ပါပြီး 65W Fast Charge နဲ့ Wireless Charging ပါလာမှာပါ။ သူ့ရဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ပြီးခဲ့တဲ့ လကုန်က ထွက်လာပါသေးတယ်။

Redmi K20 မှာတော့ 4G သာပါလာတာပါ။ Redmi K30 အတွက် 5G Model အပြင် 4G Model ကိုပါ ထုတ်လုပ်ရောင်းချမလားဆိုတာ မသိရသေးပါဘူး။ Model ၂ ခုစလုံး ထုတ်လုပ်မယ်လို့ ထင်ရပါတယ်။ 5G Model ဟာ 4G Model ထက် အနည်းငယ် ဈေးပိုကြီးနိုင်ပါတယ်။ ကုမ္ပဏီက Redmi K30 ကို ကြေညာမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gsmarena

Redmi က Snapdragon 730G ပါတဲ့ Redmi Note 8 Pro မထုတ်ဘူးလို့ ပြော

%d bloggers like this: