Samsung Galaxy Note 6 ကိုလာမယ့် သြဂုတ်လအစောပိုင်းတွင် ထုတ်ပြန်မည်

Samsung ရဲ့ အဓိကစမတ်ဖုန်းတစ်မျိုးဖြစ်တဲ့ Galaxy Note 6 ဖုန်းကို လာမယ့် ကြဂုတ်လအစောပိုင်းမှာ ထုတ်လုပ်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ Galaxy Note 6 အတွက်အချက်အလက်တွေကို Tipster ဖြစ်တဲ့ Evan Blass က လူမှုကွန်ယက်မှာတင်ခဲ့တာဖြစ်ပြီး Galaxy Note 7 လို့ ခေါ်ဆိုသွားဖွယ်ရှိနေတယ်လို့လည်း သတင်းမှာဖော်ပြထားခဲ့တာပါ။

တကယ်လို့ ဒီသတင်းအတိုင်းသာမှန်ခဲ့လို့ရှိရင် Samsung ဟာ သူတို့ရဲ့ ဖုန်းကို ဒီနေ့ကနေ နှစ်လအကြာ သြဂုတ်လ ၃ရက်နေ့ပွဲမှာ မိတ်ဆက်မှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာတော့ သြဂုတ်လ ၁၅ရက်နေ့မှာ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

ထုတ်လုပ်မယ့်ရက်တွေထွက်ပေါ်လာတာနဲ့အတူ၊ Galaxy Note 6 အတွက် အချက်အလက်တွေလည်း ထွက်လာခဲ့ပြီး ဒီ Phablet အမျိုးအစား ဖုန်းအနေနဲ့ ၅.၈လက်မအကျယ် QHD မျက်နှာပြင်၊ Snapdragon  820 SoC နဲ့ 6GB ရှိတဲ့ Internal RAM တို့ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ မမ်မိုရီအနေနဲ့ 32 GB Inbuilt Storage ပါဝင်မှာဖြစ်ပြီး microSD ကဒ်နဲ့ မမ်မိုရီပမာဏကို ထပ်မံချဲ့ထွင်နိုင်မှာပါ။ ကင်မရာကတော့ 12MP ရှိတဲ့ကျောဘက်ကင်မရာ ပါဝင်လာနိုင်ပါတယ်။

Note 6 အနေနဲ့ Edge (မျက်နှာပြင်ကွေး) ဗားရှင်းကိုလည်း ပြန်လည် ထုတ်လုပ်ဖွယ်ရှိနေပြီး၊ Samsung အနေနဲ့ Note 5 မှာ သူတို့ရဲ့ မျက်နှာပြင်ကွေး ပုံစံကို စတင်ပါဝင်စေခဲ့တာပါ။ နောက်ထပ်ပါဝင်လာနိုင်တဲ့ လုပ်ဆောင်ချက်တွေကတော့ မျက်ကြည်လွှာကိုဖတ်မယ့် (Iris Sacnner) လုံခြုံရေးစနစ်၊ ရေစိမ်ခံတဲ့နည်းပညာနဲ့ Android N ဗားရှင်း OS စနစ်အသစ်တို့ဖြစ်ဖွယ်ရှိနေပါတယ်။

Ref: Gadgets360

%d bloggers like this: