Redmi 4 အတွက် MIUI 11 ရပြီ

Xiaomi က Redmi 4 အပါအဝင် ဖုန်းအဟောင်းတွေအတွက် Android Update မပေးတော့ဘူးလို့ ဧပြီလက သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Redmi 4 အတွက် MIUI 11 ရရှိနေပြီ ဆိုတဲ့ သတင်းတွေ MIUI Forum မှာ တွေ့နေရပါတယ်။ OTA Update အနေနဲ့ ဖြန့်ချိပေးလိုက်တာ ဖြစ်ပါတယ်။

Version နာမည်က MIUI V11.0.2.0.NAMMIXM ဖြစ်ပြီး 483MB အရွယ်အစား ရှိပါတယ်။ ဒါပေမယ့် Android 7.1.2 ပဲ ဖြစ်ပြီး Android Version အသစ်တော့ မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ် အောက်တိုဘာလအထိပဲ Security Patch ပါလာပါတယ်။ ၂ နှစ်ခွဲကြာ သက်တမ်းရှိတဲ့ တန်ဖိုးနည်း ဖုန်းမှာ MIUI 11 ရတာက အရမ်းမိုက်ပါတယ်။
MIUI 11 ရသွားတဲ့ User ၁ ယောက်က ဒါဟာ အစောပိုင်း စမ်းသပ်တဲ့ အနေနဲ့ ဖြန့်ချိပေးတာ ဖြစ်ပြီး နောက် ၁ ပတ်လောက်မှ User အားလုံးမှာ ရရှိမယ်လို့ ပြောပါတယ်။ အဲဒီအတွက် သင့်ရဲ့ Redmi 4 မှာ MIUI 11 မရသေးရင် အချိန် နည်းနည်းတော့ စောင့်ပေးရမှာပါ။

Ref : gsmarena

Redmi 4 အတွက် MIUI 11 ရပြီ

%d bloggers like this: