Sony က Android 10 Update ရမယ့် ဖုန်း ၈ လုံးကို ကြေညာ

ဖုန်း ကုမ္ပဏီတွေက Android 10 ကို သူတို့ရဲ့ ဖုန်းတွေအတွက် စတင် ဖြန့်ချိပေးနေပါပြီ။ အခုတော့ Sony ကလည်း Android 10 Update ရမယ့် ဖုန်း ၈ လုံးကို ကြေညာလိုက်ပါတယ်။ အဲဒါတွေကတော့ Xperia 1, Xperia 5, Xperia 10, Xperia 10 Plus, Xperia XZ2, Xperia XZ2 Compact, Xperia XZ2 Premium, နဲ့ Xperia XZ3 တို့ ဖြစ်ပါတယ်။

တခြား Sony ဖုန်းကိုင်သူတွေအတွက် Android 10 ဟာ အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Android 10 Update ရမယ့် ဖုန်း စာရင်းကို Sony က မကြာခင် ကြေညာနိုင်ပါတယ်။ Xperia 1 နဲ့ Xperia 5 တို့ဟာ Update ရမယ့် အစောဆုံး ဖုန်းတွေ ဖြစ်ပြီး ဒီဇင်ဘာလမှာ ရမှာပါ။ တခြား ဖုန်း ၆ လုံးအတွက် ၂၀၂၀ ခုနှစ် အစောပိုင်းမှာ ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ နေ့ရက် အတိအကျကတော့ နိုင်ငံအလိုက် အနည်းငယ် ကွာခြားနိုင်ပါတယ်။

Ref : gsmarena

Sony က Android 10 Update ရမယ့် ဖုန်း ၈ လုံးကို ကြေညာ

%d bloggers like this: