Snapdragon 665 SoC မောင်းနှင်ထားမယ့် Realme 5s

အိန္ဒိယမှာ Realme 5s ကို ကြေညာဖို့ နီးကပ်လာပါပြီ။ သူ့ကို အိန္ဒိယရဲ့ နာမည်ကျော် အွန်လိုင်းစတိုး ဖြစ်တဲ့ Flipkart ကနေ ရောင်းချမှာ ဖြစ်ပါတယ်။ Flipkart က သူ့ရဲ့ သတင်းအချက်အလက်တွေကို မကြာခဏ မျှဝေနေပါတယ်။ အခုတော့ သူ့မှာ Qualcomm ရဲ့ စွမ်းဆောင်ရည်သင့် Snapdragon 665 SoC မောင်းနှင်ထားမယ်လို့ ဖော်ပြလိုက်ပါတယ်။ Realme 5 နဲ့ Chipset တူသွားမှာပါ။ အပြာ၊ အနီနဲ့ ခရမ်းရောင်တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Flipkart က Realme 5s နဲ့အတူ X2 Pro ကိုပါ ဒီလ ၂၀ ရက်နေ့မှာ ကြေညာမယ်လို့ အရင်က သတင်းပေးထားပါတယ်။ Realme 5s ရဲ့ အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး Realme 5 ရဲ့ 12MP ထက် ပိုအဆင့်မြင့်လာမယ်လို့ Flipkart က ပြောထားပါတယ်။ တခြား ကင်မရာတွေ အကြောင်းတော့ မသိရသေးပါဘူး။ ဒါပေမယ့် 8MP Ultrawide, 2MP Macro နဲ့ 2MP Depth Sensor တွေ ပါမယ်လို့ ထင်ပါတယ်။

Ultra Detailed Pictures တွေကို ဖမ်းယူပေးနိုင်တယ်လို့ ပြောထားပြီး Zoom In လုပ်ရင်တောင် ကြည်လင်ပြတ်သားနေမှာ ဖြစ်ပါတယ်။ ၆.၅၁ လက်မ Display ပါလာမှာ ဖြစ်ပြီး Full HD Display လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် Realme 5 မှာလို HD Display ပါလာမှာက သိပ်မမိုက်ပါဘူး။

Ref : gsmarena

Snapdragon 665 SoC မောင်းနှင်ထားမယ့် Realme 5s

%d bloggers like this: