၂၀၂၀ မှာ 5G ပါတဲ့ Redmi K30 ကို ရောင်းမယ်လို့ အတည်ပြု

Xiaomi က ၂၀၂၀ မှာ 5G ပါတဲ့ Redmi K30 ကို ရောင်းမယ်လို့ အတည်ပြုလိုက်ပါတယ်။ Xiaomi Group ရဲ့ ဒုတိယ ဥက္ကဌ Lu Weibing က ဒီသတင်းကို ဝီဘိုကနေ ပြောလိုက်တာပါ။ ဒါ့အပြင် တရုတ်မှာ Redmi ဖုန်းနဲ့သူ့ပြိုင်ဖက်တွေကို နှိုင်းယှဉ်ပြသထားတဲ့ ဓါတ်ပုံ ၁ ပုံကိုပါ မျှဝေလိုက်ပါတယ်။

Redmi K30 မှာ 5G ပါတဲ့ Qualcomm 7250 Chipset ပါလာနိုင်ပြီး Dual 5G ကို ထောက်ပံ့ပါတယ်။ Punch Hole Selfie Camera ၂ လုံး ထည့်သွင်းထားနိုင်ပါတယ်။ သူ့ရဲ့ တခြား သတင်းအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ K30 ရဲ့ Selfie Camera တွေက 36MP+26MP တွေ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 64MP+28MP+18MP+8MP ကင်မရာ ၄ လုံး ပါလာမှာပါ။ OIS, EIS နဲ့ 30x Digital Zoom တွေ ထောက်ပံ့ထားမှာပါ။ 4800mAh Battery ပါပြီး 65W Fast Charge နဲ့ Wireless Charging ပါလာမှာပါ။ သူ့ရဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ပြီးခဲ့တဲ့ လကုန်က ထွက်လာပါသေးတယ်။

Redmi K20 မှာတော့ 4G သာပါလာတာပါ။ Redmi K30 အတွက် 5G Model အပြင် 4G Model ကိုပါ ထုတ်လုပ်ရောင်းချမလားဆိုတာ မသိရသေးပါဘူး။ Model ၂ ခုစလုံး ထုတ်လုပ်မယ်လို့ ထင်ရပါတယ်။ 5G Model ဟာ 4G Model ထက် အနည်းငယ် ဈေးပိုကြီးနိုင်ပါတယ်။ ကုမ္ပဏီက Redmi K30 ကို ကြေညာမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gsmarena

၂၀၂၀ မှာ 5G ပါတဲ့ Redmi K30 ကို ရောင်းမယ်လို့ အတည်ပြု

%d bloggers like this: