Lenovo Z6 Pro 5G အတွက် Dark Blue အရောင်ထွက်ရှိ

Lenovo က ဘေဂျင်းမှာ ကျင်းပတဲ့ Innovation and Technology Conference မှာ Lenovo Z6 Pro 5G အတွက် Dark Blue ကို ကြေညာလိုက်ပါတယ်။ အပြာရင့်ရောင် ဖြစ်ပြီး အနောက်ဘက်ဟာ တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အရောင်က လွဲပြီး တခြား Specs တွေက မူလ မော်ဒယ်နဲ့ တူညီပါတယ်။

Lenovo က Z6 Pro ကို ဧပြီလမှာ ကြေညာခဲ့ပါတယ်။ ဇွန်လက MWC Shanghai 2019 မှာ သူ့ရဲ့ 5G Model ကို ကြေညာလိုက်ပါတယ်။ သူ့မှာ Snapdragon X50 5G Modem ပါတာကလွဲပြီး အခြား အစိတ်အပိုင်းများက မူလမော်ဒယ်နဲ့ တူညီပါတယ်။
Z6 Pro 5G မှာ ၆.၃၉ လက်မ Super AMOLED Display ပါပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ အနောက်ကင်မရာ ၄ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ 16MP Wide-angle , 48MP , 8MP Telephoto , 2MP များကို အထက်ကနေ အောက်သို့ အစဉ်လိုက် တပ်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ပါ။

ZUI 11 မောင်းနှင်ထားပါတယ်။ Liquid Cooling နဲ့ 27W Fast Charging ပါတဲ့ 4000mAh Battery ပါပါတယ်။ AI Photos, Hyper Video , Super Night Scene, Super Macro , Super Wide Angle စတဲ့ လုပ်ဆောင်ချက်များစွာ ပါပါတယ်။

Ref : gsmarena

Lenovo Z6 Pro 5G အတွက် Dark Blue အရောင်ထွက်ရှိ

%d bloggers like this: