၄ သိန်းကျော် ဖုန်းအားလုံးမှာ 5G ထည့်ပေးမယ်လို့ Xiaomi ပြော

Xiaomi ရဲ့ စီအီးအို လီဂျွန်က 5G ဖုန်း အသစ် ၁၀ လုံး အနည်းဆုံး ထုတ်လုပ်ရောင်းချမယ်လို့ ဒီနှစ် အစောပိုင်းက ကြေညာခဲ့ပါတယ်။ အခုတော့ တရုတ် နိုင်ငံ ဂွမ်ဇူးမှာ ယွမ် ၂၀၀၀ အထက် ဖုန်းအားလုံးမှာ 5G ထည့်ပေးမယ်လို့ ပြောပါတယ်။ မြန်မာငွေ ၄ သိန်းကျော်လောက်နဲ့ 5G ဖုန်းတွေ လာမယ့်နှစ်မှာ ကိုင်နိုင်တော့မှာပါ။

နှစ်စဉ်ကျင်းပတဲ့ China Mobile Global Partner Conference မှာ သူက ပြောလိုက်တာ ဖြစ်ပါတယ်။ China Mobile ရဲ့ အရာရှိ ၁ ယောက်ဖြစ်တဲ့ ယန်ဂျီးက ၂၀၂၀ ခုနှစ်မှာ 5G သုံးသူ သန်း ၇၀ အထိရှိလာအောင်နဲ့ စီးပွားရေး လုပ်ငန်း ၁၀၀ ကျော်မှာ 5G သုံးနိုင်အောင် ပြုလုပ်မယ်လို့ ပြောပါတယ်။
လက်ရှိမှာလည်း Xiaomi ဟာ 5G ဖုန်းတွေ ထုတ်လုပ်ရောင်းချထားပါတယ်။ Mi Mix 3 5G ကို ရောင်းပေးထားတာ နည်းနည်းတောင် ကြာနေပါပြီ။ တရုတ်မှာ Mi 9 Pro 5G နဲ့ Mi Mix Alpha ကို ရောင်းပေးထားပါတယ်။ သတင်းတွေအရ Mi Mix Alpha ကို အလုံးရေ ၅၀၀ ပဲ ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။

လာမယ့်နှစ်မှာ ဈေးပေါပေါနဲ့ 5G ဖုန်းတွေ ကိုင်နိုင်တော့မှာ ဖြစ်ပါတယ်။ Redmi K30 , Redmi Note 9 Pro နဲ့ Mi 10 SE တို့မှာလည်း 5G ပါလာနိုင်ပါတယ်။ သေချာတာကတော့ Mi 10 Flagships နဲ့ နောက်ထွက်မယ့် Black Shark Gaming ဖုန်းတွေမှာ 5G ပါလာမှာပါ။ ဒါ့အပြင် 5G မရသေးတဲ့ နိုင်ငံတွေအတွက် 4G Model ကိုပါ ထုတ်လုပ်ရောင်းချမှာပါ။

Ref : gsmarena

၄ သိန်းကျော် ဖုန်းအားလုံးမှာ 5G ထည့်ပေးမယ်လို့ Xiaomi ပြော

%d bloggers like this: