Snapdragon 730G ပါတဲ့ Redmi Note 8 Pro ထွက်လာနိုင်

Redmi Note 8 Pro မှာ MediaTek Helio G90T Processor ထည့်သွင်းထားပါတယ်။ MediaTek က ထုတ်တဲ့အတွက် လူသိပ်မကြိုက်ပေမယ့် Review တွေအရ စွမ်းရည်က မိုက်ပါတယ်။ အခုတော့ Snapdragon 730G Processor ပါတဲ့ မော်ဒယ်ကို ရောင်းမယ်လို့ သတင်းထွက်လာပါတယ်။ China Communications Commission (3C) မှာ အဲဒီ ဖုန်းကို မှတ်ပုံတင်ထားတယ်လို့ တွစ်တာ သုံးသူ တစ်ယောက်က ဖွလိုက်တာပါ။

Redmi Note 8 Pro ကို စက်တင်ဘာလမှာ ကြေညာခဲ့ပါတယ်။ သူဟာ 64MP Camera ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ Samsung ရဲ့ ISOCELL Bright GW1 Sensor ဖြစ်ပြီး Quad-binning Pixel နည်းပညာ ထည့်သွင်းထားပါတယ်။
၆.၅၃ လက်မ Full HD+ Display တပ်ဆင်ထားပြီး ဘေးဘောင်တွေက ပါးလွှာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ 64MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ AI Features နဲ့ Scene Recognition တွေပါတဲ့ 20MP Selfie Camera ကို Notch မှာ ထည့်သွင်းထားပါတယ်။

MediaTek Helio G90T ပါတဲ့ ပထမဆုံး စမတ်ဖုန်းလည်း ဖြစ်လာပါတယ်။ 18W Fast Charging ပါတဲ့ 4,500mAh Battery ထည့်ထားပါတယ်။ ဂိမ်း အသားပေး Chipset ကို အပူချိန်လျှော့ချပေးဖို့ Liquid Cooling Chamber ၁ ခု ထည့်သွင်းထားပါတယ်။ WiFi နဲ့ 4G ၂ ခုစလုံးကို တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပါတယ်။ အနက်၊ အစိမ်းနဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပြီး 6/64GB ကို ၁၉၅ ဒေါ်လာနဲ့ 8/128GB ကို ၂၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena

Snapdragon 730G ပါတဲ့ Redmi Note 8 Pro ထွက်လာနိုင်

%d bloggers like this: