Ultrabook ဈေးကွက်ကို သိမ်းပိုက်ကြီးစိုးမယ့် ASUS ZenBook 14

ASUS ဟာ လက်ရှိ Laptop ဈေးကွက်မှာ တီထွင်ဆန်းသစ်မှုအရှိဆုံးနဲ့ Active အဖြစ်ဆုံး ကုမ္ပဏီဆိုတာ ငြင်းစရာ ရှိမယ် မထင်ပါဘူး။ Gaming Laptop ဈေးကွက်မှာဆိုရင် ASUS ရဲ့ ROG Gaming Laptop တွေက ဆရာတဆူဖြစ်သလို၊ Ultrabook ဈေးကွက်မှာဆိုရင်လည်း ASUS ZenBook Series က ဘုရင်တပါးပါပဲ။ Ultrabook လို့ ပြောလိုက်တာနဲ့ လူတော်တော်များများ မျက်လုံးထဲမှာ ZenBook တွေပဲ ပြေးမြင်မိလောက်အောင်ကို ထူးခြားကောင်းမွန်တဲ့ Laptop တွေ ဖြစ်ပါတယ်။

နာမည်ကျော် ZenBook စီးရီးထဲမှာမှ ဒီနှစ် နောက်ဆုံးထုတ် ASUS ZenBook 13/14/15 မော်ဒယ်အသစ်တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမိုက်စား နည်းပညာသစ်တွေကို မှတ်စုစာအုပ်တအုပ်အလား ထင်မှတ်မှားရတဲ့ ကမ္ဘာ့အသေးဆုံး ကိုယ်ထည်မှာ ထည့်သွင်းပေးထားတဲ့ Ultrabook တလုံးပါ။ “The Future of Ultrabook” လို့တောင် ပြောနိုင်ပါတယ်။

စံချိန်တင် ကျစ်လျစ်သေးငယ်တဲ့ ကိုယ်ထည်

Ultrabook ဆိုကတည်းက ကိုယ်ထည် ကျစ်လျစ်ပေါ့ပါးမယ်ဆိုတာ အထူးတလည် ပြောနေစရာ မလိုပါဘူး။ Ultrabook တိုင်းလိုလို သေးသေးကွေးကွေး၊ ပါးပါးလျလျ ဒီဇိုင်းတွေနဲ့ပါ။ ဒါပေမယ့် အခု ZenBook 14 က ကျစ်လျစ်ပါးလျမှုမှာ ပြိုင်ဘက် Ultrabook တွေကို အပြတ်အသတ် အနိုင်ယူလိုက်ပါတယ်။ အရင်မော်ဒယ် ZenBook 14 (UX430) ထက် ကိုယ်ထည် ၁၃ ရာခိုင်နှုန်း သေးသွားပြီး၊ ကမ္ဘာ့အသေးဆုံး ၁၄ လက်မ Laptop ဂုဏ်ပုဒ်ကို ပြိုင်ဘက်မရှိ ရယူလိုက်ပါတယ်။


ပြောရင် ယုံမှာ မဟုတ်ပါဘူး။ Laptop တခုလုံးက တကယ်ကို A4 စာရွက်လေး တရွက်လောက်ပဲ ရှိပါတယ်။ သွားလေရာကို ပေါ့ပေါ့ပါးပါး ကိုင်သွားနိုင်မှာပါ။ ကျောပိုးအိတ်ထဲတောင် ထည့်စရာမလိုဘဲ မှတ်စုစာအုပ်လို လက်တဖက်တည်းနဲ့ ကိုင်သွားနိုင်ပါတယ်။ စတိုင်ကျကျ ကိုင်သွားဖို့အတွက် Laptop ထည့်ဖို့ ကာဗာအိတ်လေးတခုလည်း တပါတည်း ထည့်ပေးထားပါတယ်။

စစ်ဘက်အရည်အသွေးမီ အကြမ်းခံနိုင်စွမ်း

သွားလေရာ စိတ်ချလက်ချ သယ်သွားနိုင်ဖို့အတွက် ASUS ZenBook 14 ကို စစ်ဘက်ဆိုင်ရာ အရည်အသွေးစမ်းသပ်မှု MIL-STD-810G စံနှုန်းနဲ့ အညီ ထုတ်လုပ်ပေးထားပါတယ်။ အပူချိန်၊ စိုထိုင်းဆ ပြင်းထန်တဲ့ နေရာဒေသတွေမှာတောင် အပူအပင်ကင်းစွာ အသုံးပြုနိုင်မှာပါ။ တော်ရုံတန်ရုံ ထိခိုက်၊ ပြုတ်ကျမှုတွေလည်း မှုစရာလိုမှာ မဟုတ်ပါဘူး။ ကိုယ်ထည်တခုလုံးကို သတ္တုနဲ့ လုပ်ပေးထားတာကြောင့် အထိအတွေ့ကအစ လုံးဝ ပရီမီယမ်ဆန်တဲ့ ခံစားမှုမျိုးကို ပေးစွမ်းနိုင်မှာပါ။

ကန့်သတ်မှုမရှိ အပြည့်အဝ ခံစားနိုင်မယ့် Display

ASUS ZenBook 14 ကို မြင်ရင် A4 လောက်ပဲ ရှိတဲ့ သူ့ကိုယ်ထည်ကြောင့် Display ကတော့ သေးမှာပဲလို့ ထင်မိကြမှာပါ။ ဒါပေမယ့် Laptop အဖုံးကို ဖွင့်လိုက်တာနဲ့ လုံးဝ ပါးစပ်အဟောင်းသား ဖြစ်သွားမှာပါ။ သေးငယ်တဲ့ ကိုယ်ထည်မှာ ၁၄ လက်မ Full HD Display ကို ရအောင် ထည့်ပေးထားပါတယ်။ NanoEdge Display ဖြစ်တာကြောင့် ဘေးဘောင်တွေ ကန့်သတ်ထားခြင်းမရှိဘဲ အပြည့်အဝ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Wide-view နည်းပညာသုံးထားတာကြောင့် Laptop ကို ထောင့်ပေါင်းစုံက ကြည့်ရင်တောင် ပုံရိပ် အရည်အသွေး ကျဆင်းမှုမရှိဘဲ ကြည်လင်ပြတ်သားစွာ တွေ့မြင်ရမှာပါ။ sRGB Color Gamut 100% အပြည့်အဝ ဖော်ပြနိုင်တာကြောင့် ကာလာထွက် လုံးဝ မှန်ပြီး၊ မြင်မြင်သမျှ စိုပြေတောက်ပနေမှာပါ။ HDR လည်း ရပါတယ်။

တမူထူးခြားတဲ့ ErgoLift ဒီဇိုင်း


ErgoLife ဆိုတာ ASUS ရဲ့ အပြောင်မြောက်ဆုံး ဒီဇိုင်းဖန်တီးမှုတခုပါ။ Laptop အဖုံးကို ဖွင့်လိုက်တာနဲ့ အောက်ခြေကိုယ်ထည်က အပေါ်ကို ကြွတက်သွားမှာပါ။ Laptop အောက်မှာ လေဝင်လေထွက် ပိုကောင်းသွားသလို အသံထွက်လည်း ပိုကောင်းသွားပါတယ်။ ပြီးတော့ စာရိုက်ရတဲ့ အနေအထားလည်း ပိုကောင်းသွားပါတယ်။ အမြင်လည်း ပိုဆန်းသွားတာပေါ့။

Laptop အသုံးပြုမှုပုံစံကို ဦးဆောင်ပြောင်းလဲပစ်မယ့် ScreenPad 2.0

ScreenPad ဆိုတာ ASUS ရဲ့ အမိုက်စား တီထွင်ဆန်းသစ်မှုတွေထဲက တခုပါ။ မနှစ်က စတင်မိတ်ဆက်ခဲ့တဲ့ ScreenPad 1.0 က Input Lag လိုမျိုး အားနည်းချက်လေးတွေ ရှိခဲ့ပေမယ့် ဒီနှစ် ScreenPad 2.0 ကတော့ လုံးဝ ပြီးပြည့်စုံတဲ့ အဆင့်နီးပါး ရောက်ရှိသွားပါပြီ။

ScreenPad 2.0 မှာ Trackpad က ကျနော်တို့ မြင်နေကြ သာမန် Trackpad မျိုး မဟုတ်ဘဲ Touchscreen ဖြစ်သွားပါတယ်။ ဒီထက် ဆန်းတာက Trackpad လိုတင် မဟုတ်ဘဲ တကယ့် စမတ်ဖုန်းတလုံးလို အသုံးချနိုင်တာပါ။ အပေါ် Display မှာ မြင်သမျှ၊ ဖွင့်ထားသမျှ App တိုင်းလိုလိုကို အောက်က ScreenPad ထဲ ဆွဲချပြီး သုံးနိုင်ပါတယ်။ အရင်လို စခရင်တခုတည်းကိုပဲ ၂ ခြမ်း ခြမ်းပြီး Multitasking လုပ်စရာမလိုတော့ဘဲ ပိုပြီးတော့ Multitask လုပ်လို့ ကောင်းပါတယ်။

ပြီးတော့ ScreenPad ကို အကောင်းဆုံး အသုံးချနိုင်ဖို့အတွက် ASUS က Quick Key ၊ Handwriting ၊ Slide Expert ၊ Num Key စတဲ့ Utility Tools တွေကို ထည့်ပေးထားပါတယ်။ ASUS က တခြား Third Party Developers တွေနဲ့ ပေါင်းပြီး ScreenPad အတွက် Tools အသစ်တွေကို လုပ်ဆောင်ပေးနေပါတယ်။

Ultrabook တလုံးရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်


Ultrabook ဆိုပေမယ့် ASUS ZenBook 14 ရဲ့ စွမ်းဆောင်ရည်က ထိပ်တန်းအဆင့်မှာ ရှိနေပါတယ်။ Clockspeed အမြင့်ဆုံး 4.9GHz အထိရှိတဲ့ နောက်ဆုံးပေါ် Intel 10th Gen Core i7 Proceesor ၊ 16GB RAM ၊ Nvidia MX 250 GPU ကတ်နဲ့ပါ။ ဒါကိုမှ PCIe SSD ကို 1TB အထိ ထည့်ပေးထားတာကြောင့် Storage အတွက်ကော Speed အတွက်ပါ ပူစရာ မလိုပါဘူး။ Video Editing လုပ်တာ၊ Photo Retouch စတဲ့ လိုအပ်ချက်မြင့်မားတဲ့ Creative အလုပ်တွေကို မြန်ဆန်ချောမွေ့စွာ လုပ်ဆောင်နိုင်မှာပါ။

ဂိမ်းဆော့မယ်ဆိုရင်လည်း Dota 2 ၊ Fortnite စတဲ့ Esports Titles တွေကို အမြင့်ဆုံး Settings နဲ့ ဆော့နိုင်ပါတယ်။ ဒါပေမယ့် Game ဆော့မယ်ဆိုရင်တော့ Laptop Fanspeed ကို Automatic Mode ထားပြီး ဆော့ရင်တော့ ပိုကောင်းမှာပါ။ Silent နဲ့ ဆော့မယ်ဆိုရင်တော့ နည်းနည်း အပူတက်လာရင် FPS ကျသွားတာမျိုးလေးတွေ ရှိတတ်ပါတယ်။

ကောင်းမွန်တဲ့ ကီးဘုတ်

ရောက်လေရာမှာ အလုပ်လုပ်နိုင်ဖို့အတွက် ASUS ZenBook 14 မှာ ကီးဘုတ်ကိုလည်း အကောင်းဆုံး လုပ်ပေးထားပါတယ်။ ကိုယ်ထည်သေးပေမယ့် ကီးတွေက ပြွတ်သိပ်မနေဘဲ စာရိုက်လို့ ကောင်းတဲ့ အနေအထားမှာ ရှိပြီး၊ ပထမဆုံး စသုံးချိန်မှာတောင် မှားနှိပ်မိတာမျိုး မတွေ့ရပါဘူး။


အောက်ခံအဖြူ မီးလင်းတဲ့ ကီးဘုတ်ဖြစ်တာကြောင့် ညဘက် မှောင်မှောင်မည်းမည်းထဲမှာတောင် အဆင်ပြေပြေ စာရိုက်နိုင်မှာပါ။ 1.4mm Key Travel ဆိုတော့ အားစိုက်နှိပ်စရာမလိုဘဲ မြန်မြန်ဆန်ဆန် ရိုက်နိုင်ပါတယ်။ ပြီးတော့ Hotkeys တွေလည်း တော်တော် စုံလင်ပါတယ်။ Fanspeed ထိန်းဖို့ Hotkey လေးပါ ထည့်ပေးထားရင် ပိုတောင် ကောင်းသွားမှာပါ။

မထင်မှတ်ထားတဲ့ စပီကာစွမ်းရည်

ZenBook 14 လို ကမ္ဘာ့အသေးဆုံး ၁၄ လက်မ Ultrabook တလုံးအနေနဲ့ စပီကာ ကောင်းလောက်မှာ မဟုတ်ဘူးလို့ ထင်ခဲ့မိတာ မှားသွားပါတယ်။ Harman/ Kardon က အသံချိန်ညှိပေးထားတဲ့ စတီရီယိုစပီကာတွေက Laptop အရွယ်နဲ့ မလောက်အောင် ကျယ်လောင်ကောင်းမွန်ပါတယ်။ အသံကျယ်တယ်ဆိုပေမယ့် ဆူညံအက်ကွဲသွားတာမျိုး မရှိအောင် Smart Amplifier နည်းပညာ ကို အသုံးပြုထားတာကြောင့် အသံတခုချင်းစီကို ကြည်လင်ပြတ်သားစွာ ကြားရမှာပါ။

Connectivity

Productivity အသားပေး Laptop တလုံးအနေနဲ့ ချိတ်ဆက်ဖို့ Ports အစုံအလင် ပါဝင်ဖို့ အရေးကြီး ပါတယ်။ ဒီအတွက် ASUS ZenBook 14 မှာ USB-C Port တခု၊ Type-A ၂ ပေါက်၊ microSD ကတ် Slot နဲ့ 3.5mm နားကြပ်ပေါက်တို့ အပြည့်အစုံ ထည့်ပေးထားပါတယ်။ HDMI Port ပါ ပါသေးတော့ ဘာလိုသေးလဲပေါ့။ WiFi ကလည်း WiFi 6 ၊ Bluetooth ဆိုလည်း Bluetooth 5 စတဲ့ နောက်ဆုံးမျိုးဆက်တွေချည်း အသုံးပြုနိုင်မှာပါ။

Features

ဖုန်းတွေ ခေတ်မီအဆင့်မြင့်လာပေမယ့် Laptop တွေကတော့ နောက်ကျကျန်ခဲ့သလိုပါပဲ။ အခုဆို ဖုန်းတော်တော်များများမှာ မျက်နှာ၊ လက်ဗွေ စတဲ့ Biometrifc Authentication စနစ်တွေ ပါဝင်နေပြီဆိုပေမယ့် Laptop တွေမှာတော့ ဒီလို Scanner တွေ သိပ်မတွေ့ရသေးပါဘူး။ ဒါပေမယ့် ZenBook 14 ကတော့ တကယ့် ခေတ်မီ Ultrabook တလုံးပီပီ Face Scanner တွေ ဘာတွေနဲ့ပါ။ Windows Hello စနစ် အသုံးပြုနိုင်တဲ့ 3D IR ကင်မရာစနစ်ကို Display အပေါ်က သေးငယ်တဲ့ ဘောင်မှာ ရအောင် ထည့်ပေးထားတာကလည်း ချီးကျူးစရာ အချက်တခု ဖြစ်ပါတယ်။

ရွေးချယ်နိုင်မှု

အခု ZenBook စီးရီးအသစ်မှာ ၁၃ လက်မ၊ ၁၄ လက်မနဲ့ ၁၅ လက်မ ဆိုပြီး မော်ဒယ်သုံးမျိုး ရှိပါတယ်။ မော်ဒယ်အလိုက် Specs တွေလည်း ကွာသွားမှာပါ။ အရမ်း စွမ်းဆောင်ရည်အမြင့်ကြီး မလိုဘူးဆိုရင် ဈေးပိုသက်သာတဲ့ အခု ZenBook 14 က ပိုသင့်တော်မှာပါ။ ဘယ်မော်ဒယ်ရွေးရွေး အသေးဆုံး အပါးဆုံး ကိုယ်ထည်နဲ့ပဲဆိုတော့ “ကမ္ဘာ့အသေးဆုံး” ဆိုတဲ့ ဖီလင်ကတော့ ပျောက်သွားမှာ မဟုတ်ပါဘူး။

Laptop ဆိုရင် ပေါ့ပါးပါးပါး Ultrabook မျိုးမှ ကြိုက်တတ်သူတွေ၊ Ultrabook ထဲမှာမှ အသေးတကာ့အသေးဆုံး Ultrabook ကို လိုချင်သူတွေအနေနဲ့ ဒီ ZenBook 14 ကို လုံးဝအကြိုက်တွေ့မယ်လို့ ရဲရဲကြီး အာမခံရဲပါတယ်။

Ultrabook ဆိုပေမယ့် Performance ကလည်း အမြင့်တန်းလောက် ရှိတာကြောင့် Content Creation ကနေ Gaming အထိ စွယ်စုံ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ScreenPad 2.0 ၊ IR Camera စတဲ့ နည်းပညာအသစ်အဆန်းတွေလည်း ပါသေးတာကြောင့် ကိုယ့် Laptop က အားလုံးကြားထဲမှာ ကွဲထွက်ထင်ရှားနေမှာပါ။

ဈေးကလည်း ဒီလို Ultrabook မျိုး ရှာနေသူတွေ လက်လှမ်းမီနိုင်လောက်တဲ့ ဈေးပါပဲ။ စိတ်ဝင်စားသူတွေအနေနဲ့ ASUS Myanmar Facebook Page မှာ အသေးစိတ် ထပ်မံစုံစမ်းနိုင်ပါတယ်။

Ultrabook စျေးကွက်ကို သိမ်းပိုက်ကြီးစိုးမယ့် ASUS ZenBook 14

%d bloggers like this: