သိန်း ၁ ထောင်ကျော်တန်တဲ့ AirPods Pro Gold Edition

သိန်း ၁ ထောင်ကျော်တန်တဲ့ AirPods လို့ ခေါင်းစီးမှာ ရေးထားတာ စာဖတ်သူ မျက်စိမှားတာ မဟုတ်ပါဘူး။ စာရေးသူလည်း မှားရေးတာ မဟုတ်ပါဘူး။ နာမည်ကြီး ထုတ်ကုန်တွေကို ရွှေ၊ အဖိုးတန် ကျောက်မျက်ရတနာတွေနဲ့ အလှဆင် ထုတ်လုပ်ရောင်းချတဲ့ Caviar က ၁၈ ကာရက်ရွှေနဲ့ အလှဆင်ထားတဲ့ AirPods Pro ကို မိတ်ဆက်လိုက်ပါတယ်။ Charging Case ကိုလည်း ရွှေနဲ့ သွန်းလောင်းထားပါတယ်။

AirPods Pro Gold Edition လို့ နာမည်ပေးထားပြီး ဒေါ်လာ ၆၇ ၇၉၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ သိန်း ၁ ထောင်ကျော်တန်ပါတယ်။ ရိုးရိုး AirPods Pro ထက်တော့ သူက အလေးချိန် ပိုစီးပါတယ်။ သိန်း ၁ ထောင်ကျော်တန် မတတ်နိုင်လို့ ဝမ်းနည်း မနေပါနဲ့။ စပါးအုံးမြွေ အရေခွံနဲ့ ရွှေ Carviar Logo ပါတဲ့ AirPods Pro က ဒေါ်လာ ၁ ၅၅၀ ပဲရှိပြီး မြန်မာငွေ ၂၃ သိန်းလောက်ရှိပါတယ်။ သိန်း ၁ ထောင်ကျော်တတ်နိုင်တဲ့ ဘောစိတွေအတွက် AirPods Pro Gold Edition ကို Carviar ရဲ့ ဝက်ဘ်ဆိုက်မှာ ရောင်းပေးနေပါပြီ။
AirPods Pro Gold Edition ကို လူကြားထဲ တပ်သွားလို့ကတော့ အရောင်တလက်လက်နဲ့ ဖလန်းဖလန်းထနေမှာ သေချာပါတယ်။ ဒါပေမယ့် ဈေးကတော့ တိုက်ခန်းတွေ၊ ကားတွေလောက် ရှိပါတယ်။

Ref : gsmarena

သိန်း ၁ ထောင်ကျော်တန်တဲ့ AirPods Pro Gold Edition

%d bloggers like this: