Messenger, WhatsApp နဲ့ Instagram တွေကနေ ငွေပေးချေနိုင်မယ့် Facebook Pay

Facebook က ငွေပေးချေနိုင်တဲ့ ဝန်ဆောင်မှု Facebook Pay ကို အမေရိကန်မှာ ကြေညာလိုက်ပါတယ်။ Facebook Messenger, WhatsApp နဲ့ Instagram တို့ကနေ လူတွေနဲ့ ကုမ္ပဏီတွေဆီကို ငွေလွှဲနိုင်ပါတယ်။ Facebook Pay မှာ သင့်ရဲ့ Debit or Credit Card ကို ထည့်သွင်းရမှာ ဖြစ်ပြီး ငွေပေးချေမှု အသုံးပြုမယ့် Apps တွေကို ရွေးချယ်ရမှာပါ။

အစောပိုင်းမှာတော့ ငွေပေးချေမှုကို Facebook နဲ့ Messenger တွေမှာပဲ သုံးနိုင်မှာ ဖြစ်ပြီး ပရဟိတ အဖွဲ့အစည်းတွေကို ငွေလှူဒါန်းတာ၊ ဂိမ်းမှာ ပစ္စည်း ဝယ်တာ၊ ပွဲ လက်မှတ်ဝယ်တာ၊ တခြားလူတွေကို ငွေလွှဲတာတွေကိုပဲ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Instagram နဲ့ WhatsApp တို့မှာ သုံးနိုင်မယ့် အချိန်ကို ကုမ္ပဏီက မပြောသေးပါဘူး။
အမေရိကန်မှာ Facebook Pay ဟာ နာမည်ကြီးတွေ ဖြစ်တဲ့ Square, Venmo, Google Pay နဲ့ Apple Pay တို့နဲ့ ယှဉ်ဖိုက်ရမှာ ဖြစ်ပါတယ်။ Facebook လူမှုကွန်ရက်ကို သုံးတဲ့သူများတဲ့အတွက် Facebook Pay ဟာ အောင်မြင်မယ်လို့ ကုမ္ပဏီက ယုံကြည်နေပါတယ်။ ဒါပေမယ့်လည်း Facebook ဟာ သုံးစွဲသူတွေရဲ့ ဒေတာတွေ မကြာခဏ ပေါက်ကြားနေတဲ့ အရိပ်မည်း ရှိနေတဲ့အတွက် Facebook Pay ကို သုံးဖို့ လက်ရွံ့နေနိုင်ပါတယ်။

Ref tnw

Messenger, WhatsApp နဲ့ Instagram တွေကနေ ငွေပေးချေနိုင်မယ့် Facebook Pay

%d bloggers like this: