Honor 9X ကို ဗြိတိန်မှာ ရောင်းပေးလိုက်ပြီ

Honor 9X ကို ကမ္ဘာအဝန်းမှာ တိုးချဲ့ရောင်းချပေးနေပါတယ်။ အခုတော့ ဗြိတိန်ကို ရောက်လာပြီ ဖြစ်ပြီး ၂၄၉ စတာလင်ပေါင်နဲ့ ရောင်းပေးလိုက်ပါပြီ။ 4/128GB မော်ဒယ်ကို ၂၄၉ စတာလင်ပေါင် သတ်မှတ်ထားပြီး မြန်မာငွေ ၄၈၀,၀၀၀ လောက်ရှိပါတယ်။ ပြီးခဲ့တဲ့ လကတော့ နယ်သာလန်၊ ရုရှားနဲ့ ယူအေအီးမှာ ရောင်းပေးလိုက်ပါတယ်။

Honor 9X မှာ Kirin 710F Chipset နဲ့ အနောက်ဘက်မှာ 48MP ပင်မ ကင်မရာအပါအဝင် ကင်မရာ ၃ လုံး ထည့်ထားပါတယ်။ Pop-up Selfie Camera ထည့်ထားပါတယ်။ တရုတ်မှာ ရောင်းပေးထားတဲ့ မော်ဒယ်နဲ့ ဥရောပမှာ ရောင်းမယ့် မော်ဒယ်မှာ ကွဲပြားချက် အနည်းငယ်ရှိပါတယ်။ ဥရောပ မော်ဒယ်မှာ Kirin 810 Processor အစား Kirin 710F ထည့်ထားတာက အားနည်းသွားပါတယ်။ ဒီဇိုင်းပိုင်းမှာတော့ လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက် အစား ဘေးဘက်မှာ တပ်ဆင်ထားပါတယ်။
9X နဲ့ 9X Pro မှာ ၆.၅၉ လက်မ IPS LCD Screen ပါပြီး 1080x2340p Resolution ဖြစ်ပါတယ်။ Pop-up Selfie Camera ပါပါတယ်။ အနောက်ဘက်မှာ 48MP Main Camera, 8MP Ultra-wide Camera နဲ့ 2MP Depth Camera များပါပါတယ်။ ပရို မဟုတ်တဲ့ မော်ဒယ်မှာ မြင်ကွင်းကျယ် ကင်မရာ မပါပါဘူး။ အရှေ့ ကင်မရာက 16MP ပါ။ Android 9 Pie အခြေပြု EMUI 9.1 ပါပါတယ်။ GPU Turbo 3.0 က ဂိမ်းကစားရင် ဖလန်းဖလန်းထနေမှာပါ။

512GB microSD Card စိုက်နိုင်ပါတယ်။ 4000mAh Battery ပါပြီး လျှင်မြန်စွာ အားသွင်း စနစ် မပါပါဘူး။ ဖုန်းရဲ့ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

Ref : gsmarena

Honor 9X ကို ဗြိတိန်မှာ ရောင်းပေးလိုက်ပြီ

%d bloggers like this: