Vivo U20 ကို ဒီလ ၂၂ ရက်မှာ အိန္ဒိယတွင် ရောင်းမည်

Vivo က စက်တင်ဘာလမှာ အိန္ဒိယတွင် ပထမဆုံး U Series ဖြစ်တဲ့ U10 ကို ရောင်းချခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက ဒုတိယမြောက် U Series ဖြစ်တဲ့ U20 ကို ရောင်းပေးတော့မှာပါ။ ဒီလ ၂၂ ရက်နေ့မှာ အမေဇုန်ကနေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ သူ့မှာ အရွယ်သေး Notch နဲ့ အနောက်ကင်မရာ ၃ လုံး ပါပါတယ်။ အနောက်ဘက်ဟာ အရောင်တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပြီး အရမ်း မိုက်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။

ကုမ္ပဏီက U10 ရဲ့ Snapdragon 665 ထက် ပိုလန်းတဲ့ Snapdragon 675 Chipset ကို U20 မှာ ထည့်ထားမယ်လို့ အတည်ပြုထားပါတယ်။ အရင်က Snapdragon 675 ပါတဲ့ Vivo V15 Pro နဲ့ V17 Pro ကို ရောင်းပေးထားပါတယ်။ U20 က အဲဒီ Chipset ပါတဲ့ Vivo ရဲ့ တတိယမြောက် စမတ်ဖုန်း ဖြစ်ပါတယ်။

Vivo U20 မှာ 6GB RAM အထိ ရွေးချယ်နိုင်ပြီး UFS 2.1 Storage ထည့်သွင်းထားမယ်လို့ ကုမ္ပဏီက ပြောပါတယ်။ 4/64GB နဲ့ 6/128GB Model ၂ ခု ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ Full HD+ LCD Screen ပါလာနိုင်ပါတယ်။ လာမယ့်နေ့တွေမှာ သူ့ရဲ့ Specs တွေနဲ့ ဈေးနှုန်းကို သိလာရတော့မှာ ဖြစ်ပါတယ်။

Ref : fonearena

Vivo U20 ကို ဒီလ ၂၂ ရက်မှာ အိန္ဒိယတွင် ရောင်းမည်

%d bloggers like this: