8GB RAM နဲ့ Snapdragon 712 ပါတဲ့ Vivo S5 ရဲ့ သတင်းတွေ Geekbench ကနေထွက်ပေါ်လာ

Geekbench ကနေ Vivo S5 ရဲ့ သတင်းအချက်အလက်တွေထွက်ပေါ်လာပါတယ်။ မော်ဒယ်နံပါတ်က V1932A ဖြစ်ပြီး Snapdragon 712 Chipset မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ Android 9 Pie ပါပါတယ်။

TENAA က စာရင်းအရ သူ့မှာ Snapdragon 712 SoC မောင်းနှင်ထားမှာပါ။ 8GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်မှာပါ။ ၆.၄၄ လက်မ 1080p Display တပ်ဆင်ထားမှာပါ။ Punch-hole Camera ကို မျက်နှာပြင်ရဲ့ ညာဘက်အထက်ထောင့်မှာ တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာတွေက 48MP Main , 8MP Ultrawide , 5MP Depth နဲ့ 2MP Macro Camera တွေ ဖြစ်ပါတယ်။ 4010mAh Battery ပါလာမှာ ဖြစ်ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့မှာ မိတ်ဆက်မှာပါ။
Vivo S5 ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ မကြာခဏထွက်နေပါတယ်။ မကြာခင်ကလည်း Official Poster လို့ထင်ရတဲ့ ဓါတ်ပုံ ၁ ပုံတက်လာပြီး Punch-hole Display ပါမယ်ဆိုတာ သေချာသွားပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေက အရမ်းပါးလွှာပြီး မျက်နှာပြင်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်ထားပါတယ်။ ညာဘက်ခြမ်းမှာ ပါဝါနဲ့ အသံခလုတ်တွေ ထည့်ထားပါတယ်။

Galaxy S10 Series တွေမှာ ပထမဆုံး အနေနဲ့ AMOLED Punch Hole Display ပါလာပါတယ်။ မကြာခင်မှာ ကြေညာတော့မယ့် Vivo S5 မှာလည်း အဲဒီ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်တယ်လို့ တရုတ် ကနေ မနေ့ကပဲ သတင်းထွက်လာပါတယ်။ သူဟာ AMOLED Punch Hole Display ပါတဲ့ ပထမဆုံး တရုတ် ဖုန်း ဖြစ်လာမှာပါ။

Ref : gsmarena

8GB RAM နဲ့ Snapdragon 712 ပါတဲ့ Vivo S5 ရဲ့ သတင်းတွေ Geekbench ကနေထွက်ပေါ်လာ

%d bloggers like this: