Facebook App က iPhone ကင်မရာကနေ ခိုးကြည့်နေ

iPhone ကိုင်ထားသူတွေအတွက်တော့ ကြောက်စရာ သတင်းပါ။ Facebook က သင် News Feed ကို ကြည့်နေချိန်မှာ iPhone ကင်မရာကနေ ခိုးကြည့်နေပါတယ်။ ဒီအကြောင်းကို သိရှိခဲ့သူက Joshua Maddux ဖြစ်ပြီး iOS က Facebook App ရဲ့ မူမမှန်တဲ့ အမူအယာတွေကို သိခဲ့တာ ဖြစ်ပါတယ်။ Facebook News Feed ကို ကြည့်နေချိန်မှာ ပိုင်ရှင် ခွင့်ပြုချက် မတောင်းဘဲ ကင်မရာကနေ ခိုးကြည့်နေတာကို သူ သိခဲ့ပါတယ်။


Maddux က iOS 13.2.2 ထည့်ထားတဲ့ iPhone ၅ လုံးမှာလည်း ဒီပြဿနာ တွေ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် iOS 12 မှာ ဒီပြဿနာ မရှိပါဘူး။ Facebook App ကို ကင်မရာ သုံးခွင့်ပေးထားတဲ့ ဖုန်းတွေမှာပဲ ဒီလို ဖြစ်နေတာ ဖြစ်ပေမယ့် App က ကင်မရာကို မရိုးမသား အသုံးပြုနေတာ ဖြစ်ပါတယ်။

The Next Web က Facebook ကို ဒီအကြောင်းမေးမြန်းခဲ့ရာမှာ အခုတော့ ကုမ္ပဏီက ဒီပြဿနာ ရှိနေတာကို အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီက ဓါတ်ပုံ ၁ ပုံကို ထိလိုက်ရင် ကင်မရာက အလုပ်လုပ်နေတယ်လို့ ပြောပါတယ်။ ကင်မရာကနေ ဓါတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူးပြီး သိမ်းယူထားတာ မရှိဘူးလို့ ကုမ္ပဏီက ပြောပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းပေးမယ့် ဗားရှင်း အသစ်ကို တင်ပေးလိုက်ပါပြီ။

Ref : tnw

Facebook App က iPhone ကင်မရာကနေ ခိုးကြည့်နေ

%d bloggers like this: