ကုန်ပစ္စည်းတွေ ပို့ဆောင်ပေးမယ့် Nuro ရဲ့ စက်ရုပ် ကား

Nuro အမည်ရ ကုမ္ပဏီက ဖန်တီးထားတဲ့ R1 မောင်းသူမဲ့ ကားဟာ အစားအစာများကို သယ်ယူပို့ဆောင်ပေးနိုင်ပါတယ်။ သူဟာ လူများကိုတော့ သယ်ယူပို့ဆောင်ပေးမှာ မဟုတ်ပါဘူး။ သူဟာ အီလက်ထရစ်ကား ဖြစ်ပြီး အွန်လိုင်းကနေ ကုန်ပစ္စည်းများ မှာယူသူများအား ပို့ဆောင်ပေးဖို့ အဓိက ဒီဇိုင်းထုတ်ထားပါတယ်။

မှာယူထားသူများရဲ့ အိမ်အရှေ့ကို ကားက ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ မှာယူထားသူများက စမတ်ဖုန်း App ကနေ ကားရဲ့ တည်နေရာကို ခြေရာခံနိုင်ပါတယ်။ မောင်းသူမဲ့ ကားဟာ လူများ လမ်းကူးနေတဲ့ အခါမှာ ရပ်နားပေးပါတယ်။ အခြား အတားအဆီးများကိုလည်း ရှောင်သွားနိုင်ပါတယ်။ ဂငယ်ကွေ့ ကွေ့နိုင်ပါတယ်။

Google ရဲ့ ကုမ္ပဏီခွဲ Waymo မှာ အလုပ်လုပ်ခဲ့တဲ့ အင်ဂျင်နီယာနှစ်ဦးက Nuro Company ကို တည်ထောင်ထားတာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ R1 ကို ရောင်းချမယ်လို့ ကုမ္ပဏီက ပြောကြားထားပါတယ်။

R1 ဟာ ကုန်ပစ္စည်းများပါတဲ့ အိတ် ၂၀ ခန့်ကို သယ်ယူပို့ဆောင်ပေးနိုင်ပါတယ်။ သူဟာ အရွယ်ကြီး SUV ကားရဲ့ ထက်ဝက်လောက်သာ ရှိပါတယ်။ လက်ရှိမှာ မောင်းသူမဲ့ ကားများကို ကုမ္ပဏီများစွာက တီထွင်နေကြပါတယ်။ များသောအားဖြင့်တော့ လူများ စီးနင်းနိုင်တဲ့ မောင်းသူမဲ့ ကားများကို တည်ဆောက်နေကြတာ ဖြစ်ပါတယ်။ R1 ကတော့ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးဖို့ ရည်ရွယ်ထားပါတယ်။

Ref : techradar

ကုန်ပစ္စည်းတွေ ပို့ဆောင်ပေးမယ့် Nuro ရဲ့ စက်ရုပ် ကား

%d bloggers like this: