Realme X2 Pro ကို ဥရောပမှာ ရောင်းပြီ

Realme X2 Pro ကို ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီး အခုတော့ ဥရောပမှာ ရောင်းပေးလိုက်ပါပြီ။ Spain, Belgium, France, Italy, Luxembourg, the Netherlands, Poland, Portugal နဲ့ UK အတွက် ကုမ္ပဏီရဲ့ ဥရောပ ဝက်ဘ်ဆိုက်မှာ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ UK, France, Italy နဲ့ Spain တို့မှာ အမေဇုန်ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ 6/64GB ကို ၃၉၉ ယူရို၊ 8/128GB ကို ၄၄၉ ယူရိုနဲ့ 12/256GB ကို ၄၉၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆၅၀ ၀၀၀ နဲ့ ၈၃၀ ၀၀၀ အကြားမှာ ရှိပါတယ်။

သူဟာ Realme ရဲ့ ပထမဆုံး စွမ်းရည်မြင့် ဖုန်းပါ။ အရွယ်သေး Notch ပါပြီး Screen-to-body Ratio က ၉၁.၇ ရာခိုင်နှုန်း ရှိတဲ့ အတွက် အရမ်းလှပါတယ်။ 90Hz Refresh Rate နဲ့ 135Hz Touch Sampling ပါတဲ့အတွက် ဖုန်းကို ထိတွေ့သုံးရင် အရမ်းကို မြန်ပါတယ်။ ဂိမ်းကစားရင်တော့ ရှယ်ပဲပေါ့။
Liquid Cooling နည်းပညာ ထည့်ထားတဲ့အတွက် အပူလွန်ကဲတာကို ကာကွယ်ပေးပါတယ်။ အနောက်ဘက်မှာ 64MP အပါအဝင် ကင်မရာ ၄ လုံး ပါပါတယ်။ အရှေ့ ကင်မရာကလည်း 16MP ဆိုတော့ တော်တော် လန်းပါတယ်။ Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ ၃၅ မိနစ်မှာ အားအပြည့်သွင်းပေးနိုင်တဲ့ 50W Super VOOC Flash Charge ပါတဲ့ 4000mAh Battery ထည့်ထားပါတယ်။

realme X2 Pro specifications

• 6.5-inch (2400 x 1080 pixels) Full HD+ 20:9 aspect ratio Fluid AMOLED 2.5D curved glass display with 90Hz refresh rate, HDR10+, 100% DCI -P3 color gamut, Corning Gorilla Glass 5 Protection
• Octa-Core Snapdragon 855 Plus (1 x Kryo 485 at 2.96GHz + 3 x Kryo 485 at 2.42GHz + 4 x Kryo 385 at 1.8GHz) 7nm Mobile Platform with 675MHz Adreno 640 GPU
• 6GB LPDDR4X RAM with 64GB (UFS 3.0) / 8GB LPDDR4X RAM with 128GB (UFS 3.0) / 12GB LPDDR4X RAM with 256GB (UFS 3.0) storage
• Android 9.0 (Pie) with ColorOS
• Dual SIM
• 64MP rear camera with 1/1.72″ Samsung GW1 sensor, 0.8μm pixel size, f/1.8 aperture, LED flash, EIS, 13MP Telephoto lens with 1/3.4″ sensor, 1μm pixel size, f/2.5 aperture for up to 20x hybrid zoom, 2.5cm macro, 8MP 115° 1/3.13″ ultra-wide angle lens with 1.4μm pixel size, f/2.2 aperture, 2MP depth sensor with f/2.4 aperture,1.75μm pixel size, 960fps slow-motion
• 16MP front-facing camera with Sony IMX471 sensor, f/2.0 aperture, 1.0μm pixel size
• In-display fingerprint sensor
• 3.5mm audio jack, Stereo Speakers, Dolby Atmos
• 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz) 2×2 MIMO, Bluetooth 5, GPS, GLONASS, USB Type-C
• Dimensions: 161×75.7×8.7mm; Weight: 199g
• 4000mAh battery (typical) / 3920mAh (minimum) with 50W (10W/5A) SuperVOOC fast charging

Ref : fonearena , gsmarena

Realme X2 Pro ကို ဥရောပမှာ ရောင်းပြီ

%d bloggers like this: