Samsung Galaxy W20 5G ဟာ Galaxy Fold ရဲ့ 5G Model ဖြစ်မည်

Samsung က ဒီလ ၁၉ ရက်နေ့မှာ Foldable ဖုန်း အသစ် ၁ လုံးကို မိတ်ဆက်တော့မှာပါ။ အရင်သတင်းတွေအရ သူဟာ ဒေါင်လိုက် ခေါက်ချိုးနိုင်တဲ့ ဖုန်း ဖြစ်မယ်လို့ သိရပါတယ်။ အခုတော့ TENAA ရဲ့ သတင်းအရ Samsung Galaxy W20 5G ဟာ Galaxy Fold ရဲ့ 5G Model ဖြစ်မယ်လို့ သိရပါတယ်။ သူ့ရဲ့ ဓါတ်ပုံနဲ့ Specs တချို့တွေကိုလည်း သိလာရပါပြီ။

W20 5G ရဲ့ အရွယ်အစား အပြည့်အစုံဟာ 160.9×117.9×6.9mm ဖြစ်ပြီး Galaxy Fold ကို ဖြန့်ထားတဲ့ အရွယ်အစား ဖြစ်ပါတယ်။ အပို မျက်နှာပြင်ဟာ ၄.၆ လက်မ ဖြစ်ပါတယ်။ 4,135mAh Battery ထည့်သွင်းထားပြီး Galaxy Fold ရဲ့ 4,380mAh Battery ထက် အနည်းငယ် သေးသွားပါတယ်။ ဒါဟာ အစောပိုင်း Spec Sheet ဖြစ်တဲ့အတွက် အမှားတွေ ပါလာနိုင်ပါတယ်။
Samsung က ဒီလ ၁၉ ရက်နေ့မှာ Galaxy W20 ကို ကြေညာဖို့ အတည်ပြုထားပါတယ်။ ဈေးနှုန်းကို မသိရသေးပါဘူး။ တရုတ်မှာ China Telecom ကနေ ရောင်းချနိုင်ပါတယ်။ တရုတ်မှာ Galaxy Fold ဟာ ရောင်းအား အရမ်းလန်းနေပါတယ်။ W20 5G ကိုလည်း လူတွေ အရမ်းကြိုက်နိုင်ပါတယ်။

Ref : gsmarena

Samsung Galaxy W20 5G ဟာ Galaxy Fold ရဲ့ 5G Model ဖြစ်မည်

%d bloggers like this: