တရုတ်မှာ မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားတဲ့ Samsung Galaxy Fold

တရုတ်မှာ ၁၁ ရက်နေ့က Chinese 11:11 Event မှာ Galaxy Fold ကို ဒုတိယ အသုတ် ရောင်းချပေးခဲ့ပါတယ်။ ရောင်းအားက လန်ထွက်နေပြီး မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားပါတယ်။ ဒါတောင် သိန်း ၃၀ လောက် တန်ဖိုးရှိတဲ့ ဈေးကြီးတဲ့ ဖုန်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပထမ အသုတ် ရောင်းချတဲ့အခါမှာ ၅ မိနစ်အတွင်း ပစ္စည်းပြတ်သွားပါတယ်။ မကြာခင်မှာ နောက်အသုတ် ရောင်းပေးမှာပါ။

Samsung က တရုတ်မှာ ရောင်းချရတဲ့ အလုံးရေကို မပြောပါဘူး။ ဒါပေမယ့် အရေအတွက် အရမ်းများမယ်လို့ ထင်ပါတယ်။ သူ့မှာ ၄.၆ လက်မ အပိုမျက်နှာပြင်နဲ့ ၇.၃ လက်မ ခေါက်ချိုး မျက်နှာပြင်ကို အတွင်းပိုင်းမှာ ထည့်သွင်းထားပါတယ်။ Galaxy Fold မှာ ကင်မရာ ၆ လုံး ပါပြီး အနောက်ဘက်မှာ ၃ လုံး၊ အရှေ့ဘက်မှာ ၁ လုံးနဲ့ အတွင်းပိုင်းမှာ ၂ လုံး ပါပါတယ်။ အနောက်ကင်မရာ ၃ လုံးမှာ 16MP , 12MP နဲ့ 12MP တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 10MP ပါ။ ခေါက်ချိုး သုံးသည်ဖြစ်စေ ဖြန့်ပြီး သုံးသည်ဖြစ်စေ အနည်းဆုံး ကင်မရာ တစ်လုံးကို သုံးနိုင်မှာပါ။
Snapdragon 855 မောင်းနှင်ထားပြီး 12GB RAM , 512GB Storage တွေ ပါပါတယ်။ ဘက်ထရီ နှစ်လုံးပါပြီး စုစုပေါင်း 4380mAh ရှိပါတယ်။ အရွယ်သေး စကရင်ကနေ အရွယ်ကြီး စကရင်ကို ပြောင်းသုံးတဲ့ အခါမှာ UI ကို လိုက်ဖက်အောင် ပြုလုပ်ပေးတဲ့ App Continuity ပါပါတယ်။ ဒီလုပ်ဆောင်ချက်ကို Samsung က Google နဲ့ Android Dev များနဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့တာပါ။ အရွယ်ကြီး စကရင်မှာ 3-Way Multitasking ကို အသုံးပြုနိုင်ပါတယ်။ WhatsApp, Microsoft Office နဲ့ YouTube Premium တို့က သူ့ကို ထောက်ပံ့ပါတယ်။ 5G ဆက်သွယ်မှုတော့ မပါပါဘူး။

Ref : gsmarena

တရုတ်မှာ မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားတဲ့ Samsung Galaxy Fold

%d bloggers like this: