MediaTek ရဲ့ 5G Chip ကို ဒီလ ၂၆ ရက်မှာ ကြေညာမည်

စွမ်းရည်မြင့် 5G စမတ်ဖုန်းတွေရဲ့ ဈေးက အရမ်းကို မြောက်ပါတယ်။ အခုတော့ ဈေးသင့်တဲ့ 5G စမတ်ဖုန်းများစွာ ထွက်လာတော့မှာ ဖြစ်ပါတယ်။ MediaTek က စွမ်းရည်သင့် 5G SoC ကို ဖန်တီးနေတဲ့ သတင်း မကြာခင်က ထွက်လာပါတယ်။ MediaTek က နောက်ပိုင်းမှာ Mobile Chipset ထုတ်လုပ်တာကို အရှိန်မြှင့်နေပါတယ်။ ဇူလိုင်လတုန်းက ဂိမ်းအသားပေး Helio G90 Chipset ကို ချပြခဲ့ပါတယ်။ အခုတော့ 5G Chipset တွေဘက်ကို အာရုံစိုက်နေပါပြီ။ စွမ်းရည်မြင့် အပြင် စွမ်းရည်သင့် 5G Chipset ကိုပါ ကုမ္ပဏီက ဖန်တီးတော့မှာပါ။

Helio M70 Modem ကို အခြေခံ ဆည်ဆောက်ထားတဲ့ ပထမဆုံး 5g Chip ကို လာမယ့်နှစ် ပထမ ၃ လအတွင်းမှာ ကြေညာနိုင်တယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ အခုတော့ ဒီလ ၂၆ ရက်နေ့မှာ မိတ်ဆက်မယ်လို့ တရားဝင် အတည်ပြုလိုက်ပါတယ်။ အဲဒီ Chip ရဲ့ ဓါတ်ပုံတွေလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ အစိတ်အပိုင်းတွေနဲ့ လုပ်ဆောင်ချက်တွေကို မသိရသေးပါဘူး။
အဲဒီ SoC ကို 7nm FinFET Process နဲ့ တည်ဆောက်ထားမှာ ဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Cortex-A76 Main Cores တွေကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက SA/NSA dual-mode network ကို ထောက်ပံ့တဲ့ Helio M70 5G Modem ကို အသုံးပြုမှာ ဖြစ်ပါတယ်။ သတင်းကောင်းကတော့ ယွမ် ၂၀၀၀ လောက်သာ တန်ကြေးရှိမယ့် စမတ်ဖုန်းတွေအတွက် အဲဒီ Chipset ကို ဖန်တီးထားတာ ဖြစ်ပါတယ်။ မြန်မာငွေ ၄ သိန်းလောက်နဲ့ 5G စမတ်ဖုန်းတွေ ကိုင်နိုင်တော့မှာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာတော့ ဈေးချိုတဲ့ 5G စမတ်ဖုန်းတွေ များလာတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena

MediaTek ရဲ့ 5G Chip ကို ဒီလ ၂၆ ရက်မှာ ကြေညာမည်

%d bloggers like this: