၃ သိန်းလောက်ပဲရှိတဲ့ Sharp Aquos V ကို ကြေညာ

Sharp က မြန်မာငွေ ၃ သိန်းကျော်လောက်ပဲရှိတဲ့ Aquos V ကို ကြေညာလိုက်ပါတယ်။ ထိုင်ဝမ်မှာ ဒေါ်လာ ၆၉၉၀ သတ်မှတ်ထားတာ ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၂၃၀ လောက်ရှိပါတယ်။ သူ့မှာ ၅.၉၃ လက်မ IPS Full HD+ Display ထည့်သွင်းထားပါတယ်။

Qualcomm Snapdragon 835 Processor က ဒိတ်အောက်နေပါတယ်။ 4GB RAM နဲ့ 64GB Storage ပါတဲ့အပြင် microSD Card Slot ထည့်ထားတဲ့ အတွက် Storage ကို မြှင့်တင်နိုင်ပါတယ်။ 3090mAh Battery က ဘက်ထရီ သက်တမ်းတော်တော်ခံပြီး USB C က ဒေတာကူးပြောင်းရင်၊ အားသွင်းရင် လျှင်မြန်စေပါတယ်။
Sharp Aquos V မှာ Android 9.0 Pie မောင်းနှင်ထားပြီး အနောက်ကင်မရာ ၂ လုံး ပါပါတယ်။ ၂ လုံးစလုံးက 13MP ကင်မရာတွေ ဖြစ်ပြီး အရှေ့ကင်မရာက 8MP ဖြစ်ပါတယ်။ 3.5mm Headphone Jack ကို ဖုန်းရဲ့ ထိပ်ညာဘက်နားမှာ တပ်ဆင်ထားပါတယ်။ Bluetooth 5.0 ဆက်သွယ်မှု ပါပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။

Ref : gsmarena

၃ သိန်းလောက်ပဲရှိတဲ့ Sharp Aquos V ကို ကြေညာ

%d bloggers like this: