iPhone တွေမှာလို Galaxy S10 5G မှာ 3D Face Unlock ရပြီ

Samsung Galaxy S10 5G ဟာ ဈေး အရမ်းမြောက်သလို လုပ်ဆောင်ချက် အလန်းစားတွေများစွာ ပါပါတယ်။ 5G ပါတဲ့ အပြင် S10 Series ထဲမှာ အရှေ့နဲ့ အနောက်မှာ ToF Sensor ပါတဲ့ ၁ လုံးထဲသော ဖုန်း ဖြစ်ပါတယ်။ ToF Sensor ဟာ ပင်မ ကင်မရာကနေ ဖမ်းယူတဲ့ Portrait Photo တွေကို အလန်းစား ဖြစ်စေပါတယ်။ ဒါ့အပြင် 3D Facial Scanning ကိုလည်း ပံ့ပိုးပေးပါတယ်။

Samsung က Galaxy S10 5G ကို စတင် ရောင်းချချိန်မှာ 3D Face Unlock လုပ်ဆောင်ချက် မထည့်ပေးထားပါဘူး။ အခုတော့ အဲဒီ အလန်းစား လုပ်ဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ အခုဆိုရင် ဖုန်းက IR Beam ကို အသုံးပြုပြီး 3D Face Unlock ကို ပြုလုပ်ပေးနိုင်လာပါပြီ။ 3D Face Unlock နည်းပညာက အရမ်းလန်းပြီး ဓါတ်ပုံတွေနဲ့တောင် လှည့်စားလို့ မရပါဘူး။
ဒီလုပ်ဆောင်ချက်ကို Software Update နဲ့ ထည့်သွင်းပေးလိုက်တာ ဖြစ်ပြီး သင့် ဖုန်းမှာ One UI 2.0 ရှိနေဖို့ လိုအပ်ပါတယ်။ Samsung က လက်ရှိမှာ တောင်ကိုရီးယားမှာ Beta Testing ပြုလုပ်ပေးနေပါတယ်။ တခြား နိုင်ငံတွေမှာ မကြာခင် ရတော့မှာ ဖြစ်ပါတယ်။

Ref : androidcentral

iPhone တွေမှာလို Galaxy S10 5G မှာ 3D Face Unlock ရပြီ

%d bloggers like this: