Samsung Galaxy S11 ရဲ့ Specs တွေ ထွက်ပေါ်လာ

Samsung Galaxy S11 ရဲ့ Specs တွေ ထွက်ပေါ်လာပါတယ်။ ဒီသတင်းအချက်အလက်တွေကို Evan Blass က မျှဝေလိုက်တာ ဖြစ်ပြီး မော်ဒယ် ၃ ခု ထုတ်လုပ်ထားမယ်လို့သိရပါတယ်။ သူတို့ရဲ့ မျက်နှာပြင် အရွယ်အစားတွေကို အောက်မှာ လေ့လာပါ။

• Galaxy S11e – 6.4-inch curved edge screen

မော်ဒယ် အသစ်အားလုံးမှာ Galaxy S10e မှာလို မျက်နှာပြင်ပြား မပါလာတော့ပါဘူး။ Curved Display ပါလာတာက ထုတ်လုပ်မှု ကုန်ကျစားရိတ် ပိုများစေပါတယ်။ S11e ရဲ့ မျက်နှာပြင် အရွယ်အစားဟာ S11 Plus လောက်ရှိလာပါတယ်။ S11e ရဲ့ ဘက်ထရီဟာ S10e ထက် ပိုကြီးလာမယ်လို့ သတင်းထွက်နေပါတယ်။ အရွယ်အကြီးဆုံး မော်ဒယ်အတွက် 5G ထည့်ပေးထားမှာပါ။ အရွယ်သေး မော်ဒယ် ၂ ခုအတွက် 4G နဲ့ 5G မော်ဒယ်တွေ ထုတ်လုပ်ပေးမှာပါ။

လာမယ့်နှစ်မှာ ထွက်မယ့် Samsung ရဲ့ အလန်းစား Galaxy S11 မှာ Xiaomi နဲ့ ပူးပေါင်းဖန်တီးထားတဲ့ 108MP ISOCELL Bright HMX Sensor နဲ့ 5x Periscope Zoom Camera ပါမယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ မကြာခင်ကတော့ နာမည်ကျော် Leakster ၁ ယောက်ဖြစ်တဲ့ Iceuniverse က Galaxy S11 မှာ ပါမယ့် 108MP Sensor ဟာ အသစ်ဖြစ်မယ်လို့ ပြောပါတယ်။ Samsung Galaxy S11 မှာ မကြေညာရသေးတဲ့ Exynos 9830 နဲ့ Qualcomm Snapdragon 865 Chipset တွေ ထည့်သွင်းထားမယ်လို့ ထင်ပါတယ်။ ဒါ့အပြင် LPDDR5 RAM ပါလာနိုင်ပါတယ်။

Ref : wccftech

Samsung Galaxy S11 ရဲ့ Specs တွေ ထွက်ပေါ်လာ

%d bloggers like this: