တရုတ်မှာ Redmi 5 နဲ့ Redmi Note 5 အတွက် MIUI 11 ရပြီ

[Unicode]

Xiaomi က MIUI 11 ကို Device အဟောင်းတွေမှာပါ ထည့်သွင်းပေးမယ်လို့ ပြောထားပါတယ်။ အခုတော့ တရုတ်မှာ Redmi 5 နဲ့ Redmi Note 5 (Redmi 5 Plus) အတွက် MIUI 11 ရပြီ ဖြစ်ပါတယ်။ အဲဒီ ဖုန်းတွေဟာ ၂ နှစ်လောက်သက်တမ်းရှိပြီ ဖြစ်ပါတယ်။ ဒါဟာ တရုတ်အတွက် ဖြစ်ပြီး Global အလုံးတွေကတော့ စောင့်ရဦးမှာ ဖြစ်ပါတယ်။ Update ဟာ “11.0.2.0.PEICNXM” Build Number ဖြစ်ပြီး 677MB အရွယ်အစား ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Xiaomi က MIUI 11 Stable Version ကို ဖုန်း ၁၂ လုံးအတွက် ဖြန့်ချိပေးလိုက်ပါတယ်။ ကုမ္ပဏီက Android 10 အခြေပြု Version လို့ မပြောတဲ့အတွက် Android OS Version က အဲဒီ ဖုန်းတွေမှာ ပြောင်းသွားမှာ မဟုတ်ပါဘူး။ တရုတ်မှာ စတင် ဖြန့်ချိပေးလိုက်တာ ဖြစ်ပြီး ကမ္ဘာအဝန်းမှာ ဒီလကုန်မှာ ရနိုင်ပါတယ်။

အဲဒီ ဖုန်းတွေကို အောက်မှာ လေ့လာပါ။

• Xiaomi Mi 9 Pro 5G
• Xiaomi Mi 6
• Xiaomi Mi Mix 2
• Xiaomi Redmi Note 7
• Xiaomi Mi CC9
• Xiaomi Mi 9
• Xiaomi Redmi K20 Pro
• Xiaomi Redmi 6 Pro
• Xiaomi Mi Note 3
• Xiaomi Redmi S2
• Xiaomi Redmi Note 5A
• Xiaomi Redmi 7A

MIUI 11 Stable Version ကို ဒုတိယအသုတ်မှာ ရမယ့် ဖုန်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

• Xiaomi Mi 9 SE
• Xiaomi Mi Mix 3
• Xiaomi Mi Mix 2S
• Xiaomi Mi 8
• Xiaomi Mi 8 SE
• Xiaomi Mi 8 Explorer
• Xiaomi Mi 8 Pro
• Xiaomi Mi 8 Lite
• Xiaomi Mi Max 3
• Xiaomi Redmi 7
• Xiaomi Redmi Note 7 Pro
• Xiaomi Redmi K20

၂ နှစ်သက်တမ်းရှိတဲ့ ဖုန်းတွေတောင် MIUI 11 ကို ရမှာက အရမ်းမိုက်ပါတယ်။ MIUI 11 မှာ အလန်းစား လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။ MIUI 11 မှာ System-wide Dark Mode ပါလာပါတယ်။ သဘာဝကျတဲ့ အသံတွေ ထည့်ထားပြီး Quick Reply Feature အသစ် ပါလာပါတယ်။

MIUI 11 မှာ ရုပ်ထွက်တွေကို ဆန်းသစ်ထားပါတယ်။Dynamic Sounds Effects အသစ်တွေ ပါလာပါတယ်။ Mi Go Travel နဲ့ Mi Work Suites တွေ ထည့်သွင်းထားပါတယ်။ ကလေးတွေ ဖုန်းသုံးရင် လုံခြုံစေမယ့် Kids Mode နဲ့ ငလျင်လှုပ်တာကို ကြိုတင် အသိပေးမယ့် လုပ်ဆောင်ချက် ပါလာပါတယ်။

Ref : gsmarena

[Zawgyi]





• Xiaomi Mi 9 Pro 5G
• Xiaomi Mi 6
• Xiaomi Mi Mix 2
• Xiaomi Redmi Note 7
• Xiaomi Mi CC9
• Xiaomi Mi 9
• Xiaomi Redmi K20 Pro
• Xiaomi Redmi 6 Pro
• Xiaomi Mi Note 3
• Xiaomi Redmi S2
• Xiaomi Redmi Note 5A
• Xiaomi Redmi 7A


• Xiaomi Mi 9 SE
• Xiaomi Mi Mix 3
• Xiaomi Mi Mix 2S
• Xiaomi Mi 8
• Xiaomi Mi 8 SE
• Xiaomi Mi 8 Explorer
• Xiaomi Mi 8 Pro
• Xiaomi Mi 8 Lite
• Xiaomi Mi Max 3
• Xiaomi Redmi 7
• Xiaomi Redmi Note 7 Pro
• Xiaomi Redmi K20



Ref : gsmarena

%d bloggers like this: