ကမ္ဘာ့ပထမဆုံး အနေနဲ့ အမျိုးသား ရွှေပန်းကို အစားထိုးနိုင်ပြီ

စစ်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ အမေရိကန် စစ်သား ၁ ယောက်ကို လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က ရွှေပန်း အစားထိုးပေးခဲ့ပါတယ်။ အခုတော့ ရွှေပန်းက ကောင်းကောင်း အလုပ်လုပ်ပြီး စွမ်းရည်ပြည့်ဝလာပြီလို့ ဆရာဝန်တွေက ဆိုပါတယ်။ အဲဒီ စစ်သားရဲ့ နာမည်ကို မသိရသေးပါဘူး။ သူဟာ အာဖဂန်နစ္စတန်မှာ ကင်းလှည့်နေရင်း တာလီဘန်တွေရဲ့ ခြုံခိုတိုက်ခိုက်တာ ခံလိုက်ရတာပါ။ ဗုံး ဒဏ်ကြောင့် သူ့ရဲ့ အောက်ဘက် ကိုယ်တစ်ပိုင်းလုံး ပျက်ဆီးသွားခဲ့ပါတယ်။ အဲဒီထဲမှာ သူ့ရဲ့ ရွှေပန်း၊ ခြေထောက် အစိတ်အပိုင်း အများစုနဲ့ ဝမ်းဗိုက် တစ်စိတ်တစ်ပိုင်း ပါသွားခဲ့ပါတယ်။ အဲဒီ ကြေကွဲစရာ ဖြစ်ရပ်ဟာ ၂၀၁၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တာပါ။

အဲဒီအချိန်တုန်းကတော့ ရွှေပန်း အစားထိုးလို့ရတယ်ဆိုတာ ကြားတောင် မကြားဖူးပါဘူး။ ၂၀၀၆ ခုနှစ်မှာ တရုတ်က လူနာ ၁ ယောက် ရွှေပန်း အစားထိုးခဲ့ပြီး သိပ်ပြီးအောင်မြင်မှု မရခဲ့ပါဘူး။ ရွှေပန်း အစားထိုးရတာ အရမ်းကို ရှုပ်ထွေးခက်ခဲပါတယ်။ ကိုယ်ခန္တာက တခြားလူရဲ့ ရွှေပန်းကို လက်မခံတဲ့ ပြဿနာအပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပါ ရှိတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

Johns Hopkins Hospital က ခွဲစိတ်ဆရာဝန်တွေကတော့ သူတို့ရဲ့ စစ်သား လူနာကို ယုံကြည်မှုရှိနေပါတယ်။ သူတို့ဟာ ၂၀၁၃ ခုနှစ်မှာ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ပြီး ခွဲစိတ်ဖို့ အချိန် ၅ နှစ်တောင် ပြင်ဆင်ခဲ့ကြရတာပါ။ သေဆုံးသွားတဲ့ အလှူရှင်တွေထဲက သင့်တော်တဲ့ ရွှေပန်းကို ရွေးချယ်ခဲ့ကြရပါတယ်။

ခွဲစိတ်ဆရာဝန် ၁၁ ယောက်က ၁၄ နာရီကြာ ခွဲစိတ်ကုသပေးခဲ့ကြပါတယ်။ အစားထိုး တပ်ဆင်ထားတဲ့ ရွှေပန်ဟာ သွေးကြောတွေနဲ့ ချိတ်ဆက်မိနေပြီ ဖြစ်ပါတယ်။ ရွှေပန်း မာတောင်နိုင်ပြီး အထွတ်အထိပ် ခံစားမှုကိုပါ ရရှိနိုင်နေပါပြီ။

Ref : sciencealert

ကမ္ဘာ့ပထမဆုံး အနေနဲ့ အမျိုးသား ရွှေပန်းကို အစားထိုးနိုင်ပြီ

%d bloggers like this: