Xiaomi Redmi 8 နဲ့ Redmi 8A အတွက် MIUI 11 Global Stable Update ရပြီ

[Unicode]

Xiaomi Redmi 8 နဲ့ Redmi 8A အတွက် MIUI 11 Global Stable Update ကို ဒီလ ၁၃ ရက်နေ့မှာ အိန္ဒိယတွင် ဖြန့်ချိပေးဖို့ စီစဉ်ထားပေမယ့် ဒီရက်ပိုင်းထဲက စတင် ရရှိနေပါပြီ။ အဲဒီဖုန်း ၂ လုံးအတွက် Version Number 11.0.1.0.PCPINXM ဖြစ်ပါတယ်။ Redmi 8 ရဲ့ ဖိုင်အရွယ်အစားက 600MB နဲ့ Redmi 8A က 544MB ဖြစ်ပါတယ်။

MIUI 11 ဟာ Android 10 မဟုတ်ဘဲ Android Pie အခြေပြု ဖြစ်ပါတယ်။ အောက်တိုဘာလ အတွက် Security Patch ထည့်ထားပါတယ်။ MIUI 11 မှာ System-wide Dark Mode ပါလာပါတယ်။ သဘာဝကျတဲ့ အသံတွေ ထည့်ထားပြီး Quick Reply Feature အသစ် ပါလာပါတယ်။

MIUI 11 မှာ ရုပ်ထွက်တွေကို ဆန်းသစ်ထားပါတယ်။Dynamic Sounds Effects အသစ်တွေ ပါလာပါတယ်။ Mi Go Travel နဲ့ Mi Work Suites တွေ ထည့်သွင်းထားပါတယ်။ ကလေးတွေ ဖုန်းသုံးရင် လုံခြုံစေမယ့် Kids Mode နဲ့ ငလျင်လှုပ်တာကို ကြိုတင် အသိပေးမယ့် လုပ်ဆောင်ချက် ပါလာပါတယ်။

Ref : gsmarena

[Zawgyi]





Ref : gsmarena

%d bloggers like this: