Huawei P30 နဲ့ Mate 20 Phone တွေ အလုံးပေါင်း ၃၇ သန်း ရောင်းချထားနိုင်ပြီ

[Unicode]

Huawei P30 နဲ့ Mate 20 Phone တွေဟာ အရင်မျိုးဆက်တွေထက်တောင် ရောင်းအားလန်းနေပါတယ်။ အခုတော့ Huawei က P30 နဲ့ Mate 20 Phone တွေ အလုံးပေါင်း ၃၇ သန်း ရောင်းချထားနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ စက်တင်ဘာလက Mate 30 မိတ်ဆက်ပွဲမှာ စီအီးအို Richard Yu က Huawie Mate 20 Series တွေ ၁၆ သန်းကျော် ရောင်းချပြီးပြီလို့ ကြေညာခဲ့ပါတယ်။ Mate 10 တုန်းက ၁၀ သန်းကျော်ရောင်းအားထက် အရမ်းတိုးတက်လာတာပါ။

Huawei P30 Series တွေက ပိုတောင် လန်းပါတယ်။ ၆ လလောက်အချိန်အတွင်းမှာ ၁၇ သန်းကျော် ရောင်းချပြီးပါပြီ။ P20 နဲ့ P20 Pro တို့ဟာ ၅ လအတွင်းမှာ အလုံးရေ ၁၀ သန်းကျော်သာ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ P30 Series တွေဟာ ၆၂ ရက်အတွင်းမှာ ၁၀ သန်းရောင်းချနိုင်ခဲ့ပါတယ်။

Huawei Watch GT ကို ပြီးခဲ့တဲ့ ၁ နှစ်က ရောင်းချခဲ့ပြီး အခုဆိုရင် ၃ သန်းကျော် ရောင်းချနိုင်ခဲ့ပါပြီ။ ဇွန်လမှာ Watch GT Series တွေဟာ ၂ သန်း ပြည့်သွားခဲ့ပါတယ်။ GT မှာ Huawei ထုတ် Chipset နဲ့ ကိုယ်ပိုင် OS ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် မကြာခင်က ကြေညာခဲ့တဲ့ Watch GT 2 ဟာ အမေရိကန် စီးပွားရေး ပိတ်ဆို့မှုကနေ လွတ်မြောက်သွားပါတယ်။

Ref : gsmarena

[Zawgyi]

Huawei P30 နဲ႔ Mate 20 Phone ေတြ အလံုးေပါင္း ၃၇ သန္း ေရာင္းခ်ထားႏုိင္ၿပီ

Huawei P30 နဲ႔ Mate 20 Phone ေတြဟာ အရင္မ်ိဳးဆက္ေတြထက္ေတာင္ ေရာင္းအားလန္းေနပါတယ္။ အခုေတာ့ Huawei က P30 နဲ႔ Mate 20 Phone ေတြ အလံုးေပါင္း ၃၇ သန္း ေရာင္းခ်ထားႏုိင္ၿပီလို႔ ေၾကညာလိုက္ပါတယ္။ စက္တင္ဘာလက Mate 30 မိတ္ဆက္ပြဲမွာ စီအီးအို Richard Yu က Huawie Mate 20 Series ေတြ ၁၆ သန္းေက်ာ္ ေရာင္းခ်ၿပီးၿပီလို႔ ေၾကညာခဲ့ပါတယ္။ Mate 10 တုန္းက ၁၀ သန္းေက်ာ္ေရာင္းအားထက္ အရမ္းတိုးတက္လာတာပါ။

Huawei P30 Series ေတြက ပိုေတာင္ လန္းပါတယ္။ ၆ လေလာက္အခ်ိိန္အတြင္းမွာ ၁၇ သန္းေက်ာ္ ေရာင္းခ်ၿပီးပါၿပီ။ P20 နဲ႔ P20 Pro တို႔ဟာ ၅ လအတြင္းမွာ အလံုးေရ ၁၀ သန္းေက်ာ္သာ ေရာင္းခ်ႏုိင္ခဲ့တာ ျဖစ္ပါတယ္။ P30 Series ေတြဟာ ၆၂ ရက္အတြင္းမွာ ၁၀ သန္းေရာင္းခ်ႏုိင္ခဲ့ပါတယ္။

Huawei Watch GT ကို ၿပီးခဲ့တဲ့ ၁ ႏွစ္က ေရာင္းခ်ခဲ့ၿပီး အခုဆိုရင္ ၃ သန္းေက်ာ္ ေရာင္းခ်ႏုိင္ခဲ့ပါၿပီ။ ဇြန္လမွာ Watch GT Series ေတြဟာ ၂ သန္း ျပည့္သြားခဲ့ပါတယ္။ GT မွာ Huawei ထုတ္ Chipset နဲ႔ ကိုယ္ပိုင္ OS ထည့္သြင္းထားတာ ျဖစ္ပါတယ္။ အဲဒီအတြက္ မၾကာခင္က ေၾကညာခဲ့တဲ့ Watch GT 2 ဟာ အေမရိကန္ စီးပြားေရး ပိတ္ဆို႔မႈကေန လြတ္ေျမာက္သြားပါတယ္။

Ref : gsmarena

%d bloggers like this: