MIUI 11 Stable Version ကို ဖုန်း ၁၂ လုံးအတွက် ရပြီ

Xiaomi က MIUI 11 Stable Version ကို ဖုန်း ၁၂ လုံးအတွက် ဖြန့်ချိပေးလိုက်ပါတယ်။ ကုမ္ပဏီက Android 10 အခြေပြု Version လို့ မပြောတဲ့အတွက် Android OS Version က အဲဒီ ဖုန်းတွေမှာ ပြောင်းသွားမှာ မဟုတ်ပါဘူး။ တရုတ်မှာ စတင် ဖြန့်ချိပေးလိုက်တာ ဖြစ်ပြီး ကမ္ဘာအဝန်းမှာ ဒီလကုန်မှာ ရနိုင်ပါတယ်။

အဲဒီ ဖုန်းတွေကို အောက်မှာ လေ့လာပါ။

• Xiaomi Mi 9 Pro 5G
• Xiaomi Mi 6
• Xiaomi Mi Mix 2
• Xiaomi Redmi Note 7
• Xiaomi Mi CC9
• Xiaomi Redmi K20 Pro
• Xiaomi Mi Note 3
• Xiaomi Redmi S2
• Xiaomi Redmi 7A

MIUI 11 Stable Version ကို ဒုတိယအသုတ်မှာ ရမယ့် ဖုန်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

• Xiaomi Mi 9 SE
• Xiaomi Mi 8 Explorer
• Xiaomi Mi 8 Pro
• Xiaomi Mi 8 Lite
• Xiaomi Mi Max 3

၂ နှစ်သက်တမ်းရှိတဲ့ ဖုန်းတွေတောင် MIUI 11 ကို ရမှာက အရမ်းမိုက်ပါတယ်။ MIUI 11 မှာ အလန်းစား လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။

Ref : gsmarena

MIUI 11 Stable Version ကို ဖုန်း ၁၂ လုံးအတွက် ရပြီ

%d bloggers like this: