၅ မိနစ်အတွင်း တရုတ်မှာ ပစ္စည်းပြတ်သွားတဲ့ Samsung Galaxy Fold

Samsung က သူ့ရဲ့ ပထမဆုံး Foldable Phone ဖြစ်တဲ့ Galaxy Fold ကို နိုင်ငံများစွာမှာ ရောင်းချပေးလိုက်ပါတယ်။ အခုတော့ တရုတ်မှာ ရောင်းချပေးလိုက်ပြီး ၅ မိနစ်အတွင်း ပစ္စည်းပြတ်သွားတယ်လို့ ကုမ္ပဏီက ဝီဘို လူမှုကွန်ရက်မှာ ကြေညာလိုက်ပါတယ်။ တရုတ်မှာ ၁၅ ၉၉၉ ယွမ်နဲ့ ရောင်းချပေးထားတာ ဖြစ်ပြီး ဈေးကတော့ မသေးပါဘူး။ မြန်မာငွေ ၃၄ သိန်းလောက်ရှိပြီး ဘောစိတွေပဲ ကိုင်နိုင်မှာပါ။

Samsung က တရုတ်မှာ ရောင်းချရတဲ့ အလုံးရေကို မပြောပါဘူး။ ဒါပေမယ့် အရေအတွက် အရမ်းများမယ်လို့ ထင်ပါတယ်။ သူ့မှာ ၄.၆ လက်မ အပိုမျက်နှာပြင်နဲ့ ၇.၃ လက်မ ခေါက်ချိုး မျက်နှာပြင်ကို အတွင်းပိုင်းမှာ ထည့်သွင်းထားပါတယ်။ Snapdragon 855 မောင်းနှင်ထားပြီး 12GB RAM , 512GB Storage တွေ ပါပါတယ်။ ဘက်ထရီ နှစ်လုံးပါပြီး စုစုပေါင်း 4380mAh ရှိပါတယ်။
Galaxy Fold မှာ, ကင်မရာ ၆ လုံး ပါပြီး အနောက်ဘက်မှာ ၃ လုံး၊ အရှေ့ဘက်မှာ ၁ လုံးနဲ့ အတွင်းပိုင်းမှာ ၂ လုံး ပါပါတယ်။ အနောက်ကင်မရာ ၃ လုံးမှာ 16MP , 12MP နဲ့ 12MP တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 10MP ပါ။ ခေါက်ချိုး သုံးသည်ဖြစ်စေ ဖြန့်ပြီး သုံးသည်ဖြစ်စေ အနည်းဆုံး ကင်မရာ တစ်လုံးကို သုံးနိုင်မှာပါ။

အရွယ်သေး စကရင်ကနေ အရွယ်ကြီး စကရင်ကို ပြောင်းသုံးတဲ့ အခါမှာ UI ကို လိုက်ဖက်အောင် ပြုလုပ်ပေးတဲ့ App Continuity ပါပါတယ်။ ဒီလုပ်ဆောင်ချက်ကို Samsung က Google နဲ့ Android Dev များနဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့တာပါ။ အရွယ်ကြီး စကရင်မှာ 3-Way Multitasking ကို အသုံးပြုနိုင်ပါတယ်။ WhatsApp, Microsoft Office နဲ့ YouTube Premium တို့က သူ့ကို ထောက်ပံ့ပါတယ်။ 5G ဆက်သွယ်မှုတော့ မပါပါဘူး။

Ref : gsmarena

၅ မိနစ်အတွင်း တရုတ်မှာ ပစ္စည်းပြတ်သွားတဲ့ Samsung Galaxy Fold

%d bloggers like this: