Triple Camera ပါတဲ့ Huawei Y9s ကို ကြေညာ

Huawei က စွမ်းဆောင်ရည်သင့် Y9s ကို ကြေညာလိုက်ပါတယ်။ တကယ်တော့ သူဟာ Honor 9X Pro ကို အနည်းငယ် မွမ်းမံထားတာဖြစ်ပြီး Kirin 810 အစား Kirin 710F SoC ထည့်သွင်းထားပါတယ်။ Y9s မှာ ၆.၅၉ လက်မ Notch-less Display ထည့်သွင်းထားပြီး Screen-to-body Ratio မှာ ၉၁ ရာခိုင်နှုန်းရှိတဲ့အတွက် Full Screen Design က အရမ်းမိုက်ပါတယ်။ Full HD Resolution ဖြစ်ပြီး ၁ လက်မမှာ Pixel သိပ်သည်းဆက ၃၉၁ ဖြစ်ပါတယ်။

Y9s မှာ Kirin 710F , 6GB RAM , 128GB Storage တွေ ပါပါတယ်။ Android Pie အခြေပြု EMUI 9.1 မောင်းနှင်ထားပါတယ်။ 512GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ 16MP Pop-up Selfie Camera ထည့်ထားပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 2MP Depth Sensor တွေ ပါပါတယ်။

ပါဝါခလုတ်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ Midnight Black နဲ့ Breathing Crystal အရောင်တွေ ထုတ်လုပ်ထားပြီး 4,000mAh Battery ထောက်ပံ့ထားပါတယ်။ အားသွင်းတာ၊ ဒေတာ ကူးပြောင်းတာတွေလုပ်ရင် မြန်စေတဲ့ USB-C Port ပါပါတယ်။ ၂၃၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၃၆၀ ၀၀၀ လောက်ရှိပါတယ်။

Ref : gsmarena

Triple Camera ပါတဲ့ Huawei Y9s ကို ကြေညာ

%d bloggers like this: