120Hz Display ပါလာမယ့် OnePlus 8 Pro

[Unicode]

နောက်ပိုင်းထုတ် ဖုန်းတွေမှာ Refresh Rate မြင့်မားတဲ့ Display တွေ ထည့်သွင်းလာကြပါတယ်။ အဲဒီ နည်းပညာက Display ကို ထိတွေ့အသုံးပြုရင် ချောမွတ်မြန်ဆန်စေပါတယ်။ အဲဒီအတွက် ဂိမ်းတွေ ကစားတာ၊ ဖုန်းကို ထိတွေ့သုံးတာတွေအတွက် အရမ်းကို ကောင်းပါတယ်။ ဂိမ်း စမတ်ဖုန်းတွေနဲ့ စွမ်းရည်မြင့် ဖုန်းတွေမှာ အဲဒီနည်းပညာတွေကို ပိုကောင်းအောင်ထည့်သွင်းလာကြပါတယ်။ အခုလည်း OnePlus 8 Pro မှာ 120Hz Display ပါမယ်လို့ သတင်းထွက်လာပါတယ်။

OnePlus 8 နဲ့ 8 Pro ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ မကြာခင်က ထွက်လာပါတယ်။ ဓါတ်ပုံတွေအရ OnePlus 8 ဟာ လက်ရှိ OnePlus Phone တွေနဲ့ အရမ်းကို တူပါတယ်။ အဓိက ပြောင်းလဲမှု တစ်ခုက Notch နဲ့ Pop-up အစား Punch-hole Camera ပါလာတာ ဖြစ်ပါတယ်။ OnePlus 8 မှာ မျက်နှာပြင်ဘေးဘောင်တွေက အရမ်းကို ပါးလွှာတာက ခေတ်မှီလာတဲ့ ဒီဇိုင်းပါ။ ၆.၅ လက်မ မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး Pro မဟုတ်တဲ့ မော်ဒယ်မှာ မျက်နှာပြင်ကွေး တပ်ထားတာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

OnePlus 8 ရဲ့ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ OnePlus 7T မှာလို စက်ဝိုင်းပုံသဏ္ဍာန် မဟုတ်ဘဲ ဒေါင်လိုက် ဒီဇိုင်းကို အသုံးပြုထားပါတယ်။ သူ့မှာ ကြိုးမဲ့အားသွင်းနည်းပညာ ပါလာမယ်လို့ သတင်းထွက်လာပါတယ်။

OnePlus 8 Pro မှာ Notch မပါဘဲ Punch-hole Display ကို သုံးထားပါတယ်။ Pro နဲ့ 8 တို့ရဲ့ ဒီဇိုင်းကတော်တော် တူနေပါတယ်။ ဒါပေမယ့် သေချာကြည့်ရင် Pro ရဲ့ အနောက်ဘက်မှာ 3D ToF Sensor အပိုထည့်ထားပါတယ်။ ဒါ့အပြင် Earpiece က ပိုကြီးပါတယ်။ Pro ရဲ့ မျက်နှာပြင်အထက်က ဘောင်က အနည်းငယ်ပိုထူနေပါတယ်။ Pro မှာ ၆.၆၅ လက်မ မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး 8 ထက် ဝ.၁၅ လက်မ ပိုကြီးပါတယ်။ OnePlus 7 Series တွေကို ဒီနှစ် မေလမှာ ကြေညာခဲ့ပါတယ်။ လာမယ့်နှစ်မှာလည်း မေလမှာပဲ OnePlus 8 နဲ့ OnePlus 8 Pro ကို ကြေညာနိုင်ပါတယ်။

Ref : gizmochina

[Zawgyi]

120Hz Display ပါလာမယ့္ OnePlus 8 Pro

ေနာက္ပိုင္းထုတ္ ဖုန္းေတြမွာ Refresh Rate ျမင့္မားတဲ့ Display ေတြ ထည့္သြင္းလာၾကပါတယ္။ အဲဒီ နည္းပညာက Display ကို ထိေတြ႕အသံုးျပဳရင္ ေခ်ာမြတ္ျမန္ဆန္ေစပါတယ္။ အဲဒီအတြက္ ဂိမ္းေတြ ကစားတာ၊ ဖုန္းကို ထိေတြ႕သံုးတာေတြအတြက္ အရမ္းကို ေကာင္းပါတယ္။ ဂိမ္း စမတ္ဖုန္းေတြနဲ႔ စြမ္းရည္ျမင့္ ဖုန္းေတြမွာ အဲဒီနည္းပညာေတြကို ပိုေကာင္းေအာင္ထည့္သြင္းလာၾကပါတယ္။ အခုလည္း OnePlus 8 Pro မွာ 120Hz Display ပါမယ္လို႔ သတင္းထြက္လာပါတယ္။

OnePlus 8 နဲ႔ 8 Pro ရဲ႕ ဓါတ္ပံုနဲ႔ သတင္းအခ်က္အလက္ေတြ မၾကာခင္က ထြက္လာပါတယ္။ ဓါတ္ပံုေတြအရ OnePlus 8 ဟာ လက္ရွိ OnePlus Phone ေတြနဲ႔ အရမ္းကို တူပါတယ္။ အဓိက ေျပာင္းလဲမႈ တစ္ခုက Notch နဲ႔ Pop-up အစား Punch-hole Camera ပါလာတာ ျဖစ္ပါတယ္။ OnePlus 8 မွာ မ်က္ႏွာျပင္ေဘးေဘာင္ေတြက အရမ္းကို ပါးလႊာတာက ေခတ္မွီလာတဲ့ ဒီဇိုင္းပါ။ ၆.၅ လက္မ မ်က္ႏွာျပင္ေကြး တပ္ဆင္ထားၿပီး Pro မဟုတ္တဲ့ ေမာ္ဒယ္မွာ မ်က္ႏွာျပင္ေကြး တပ္ထားတာ ဒါ ပထမဆံုး ျဖစ္ပါတယ္။

OnePlus 8 ရဲ႕ အေနာက္ဘက္မွာ ကင္မရာ ၃ လံုး တပ္ဆင္ထားပါတယ္။ OnePlus 7T မွာလို စက္၀ိုင္းပံုသ႑ာန္ မဟုတ္ဘဲ ေဒါင္လိုက္ ဒီဇိုင္းကို အသံုးျပဳထားပါတယ္။ သူ႔မွာ ႀကိဳးမဲ့အားသြင္းနည္းပညာ ပါလာမယ္လို႔ သတင္းထြက္လာပါတယ္။

OnePlus 8 Pro မွာ Notch မပါဘဲ Punch-hole Display ကို သံုးထားပါတယ္။ Pro နဲ႔ 8 တို႔ရဲ႕ ဒီဇိုင္းကေတာ္ေတာ္ တူေနပါတယ္။ ဒါေပမယ့္ ေသခ်ာၾကည့္ရင္ Pro ရဲ႕ အေနာက္ဘက္မွာ 3D ToF Sensor အပိုထည့္ထားပါတယ္။ ဒါ့အျပင္ Earpiece က ပိုႀကီးပါတယ္။ Pro ရဲ႕ မ်က္ႏွာျပင္အထက္က ေဘာင္က အနည္းငယ္ပိုထူေနပါတယ္။ Pro မွာ ၆.၆၅ လက္မ မ်က္ႏွာျပင္ပါလာမွာ ျဖစ္ၿပီး 8 ထက္ ၀.၁၅ လက္မ ပိုႀကီးပါတယ္။ OnePlus 7 Series ေတြကို ဒီႏွစ္ ေမလမွာ ေၾကညာခဲ့ပါတယ္။ လာမယ့္ႏွစ္မွာလည္း ေမလမွာပဲ OnePlus 8 နဲ႔ OnePlus 8 Pro ကို ေၾကညာႏုိင္ပါတယ္။

Ref : gizmochina

%d bloggers like this: