Qualcomm က ဒီဇင်ဘာလမှာ Snapdragon 865 ကို မိတ်ဆက်မည်

Qualcomm က ဟာဝိုင်အီမှာ နောက်လ ၃ ရက်ကနေ ၅ ရက်အတွင်း Tech Summit ကို ကျင်းပတော့မှာပါ။ အဲဒီပွဲမှာ ကုမ္ပဏီက နောက်မျိုးဆက် Chipset ကို ကြေညာလေ့ရှိပါတယ်။ အဲဒီအတွက် အလန်းစားနဲ့ အကြမ်းစား Snapdragon 865 ကို မြင်ရတော့မှာပါ။

865 ရဲ့ သတင်းအချက်အလက်တွေ သိပ်မသိရသေးပါဘူး။ TSMC အစား Samsung ရဲ့ 7nm Process နဲ့ တည်ဆောက်ထားနိုင်ပါတယ်။ မော်ဒယ် ၂ မျိုးထုတ်လုပ်ထားနိုင်ပါတယ်။ 4G ပဲရသေးတဲ့ နိုင်ငံတွေအတွက် 4G Model နဲ့ ဈေးပိုကြီးတဲ့ Snapdragon X55 5G Modem ပါတဲ့ 5G Model တွေ ဖြစ်ပါတယ်။

TSMC ရဲ့ 7nm FinFET Process ထက် Snapdragon 865 ရဲ့ 7nm EUV Process ရဲ့ အားသာချက်က စွမ်းအင်စားသုံးမှု သက်သာစေပြီး ၁၅ ကနေ ၂၀ ရာခိုင်နှုန်းလောက် ဖုန်းအတွင်းဘက်မှာ နေရာပိုရလာမှာ ဖြစ်ပါတယ်။

Samsung က ဒီထက် ပိုမြန်တဲ့ 5nm EUV Manufacturing Process ကိုတောင် တီထွင်ဖန်တီးပြီးပါပြီ။ Snapdragon 865 ကို စတင် ထုတ်လုပ်ဖို့အတွက် Samsung ဟာ တောင်ကိုရီးယား နိုင်ငံ Hwaseong က သူ့ရဲ့ EUV ထုတ်လုပ်တာကို မြှင့်တင်ရမှာပါ။ ဒီနှစ်ကုန်မှာ စတင် ထုတ်လုပ်မယ်လို့ ထင်ပါတယ်။

Ref : gsmarena

Qualcomm က ဒီဇင်ဘာလမှာ Snapdragon 865 ကို မိတ်ဆက်မည်

%d bloggers like this: