Exynos 980 SoC နဲ့ 5G ပါမယ့် Vivo X30 ကို လာမယ့်လမှာ ကြေညာမည်

[Unicode]

Samsung က သူထုတ်ထားတဲ့ Exynos 980 SoC နဲ့ 5G ပါတဲ့ Vivo X30 ကို လာမယ့်လမှာ မိတ်ဆက်မယ်လို့ ပြောပါတယ်။ စက်တင်ဘာလ အစောပိုင်းမှာ Exynos 980 ကို ကြေညာခဲ့တာ ဖြစ်ပြီး 5G Modem ပါတဲ့ ကမ္ဘာ့ပထမဆုံး စွမ်းရည်သင့် Chipset ဖြစ်ပါတယ်။ 2.55Gbps Download Speed ကို ထောက်ပံ့ပြီး 4G နဲ့ 5G ပေါင်းစပ်ရင် 3.55Gbps အထိ ရနိုင်ပါတယ်။ ဈေးအသင့်အတင့်နဲ့ 5G Phone ကိုင်နိုင်တော့မှာပါ။

Exynos 980 ကို 8nm FinFET Process နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ 2.2GHz Cortex-A77 Cores ၂ လုံးနဲ့ 1.8GHz Cortex-A55 Cores ၆ လုံး ပါပါတယ်။ Mali-G76 MP5 GPU ထည့်ထားပြီး ဂိမ်းကစားတာ၊ ဓါတ်ပုံ၊ ဗီဒီယို တည်းဖြတ်တာတွေကို ကောင်းစွာ နိုင်နင်းပါတယ်။

Vivo X30 ရဲ့ တခြား Specs တွေကို မသိရသေးပါဘူး။ ၆.၅ လက်မ AMOLED Display ပါပြီး 90Hz Refresh Rate ထောက်ပံ့မယ်လို့ သတင်းထွက်နေပါတယ်။ 8GB RAM , 256GB Storage နဲ့ 4,500mAh Battery ပါမယ်လို့ သိရပါတယ်။ 22.5W or 30W Fast Charging ထည့်ထားမှာပါ။ အရှေ့ဘက်မှာ 32MP Camera နဲ့ အနောက်ဘက်မှာ 64MP+13MP+8MP+2MP Camera တွေ ပါလာနိုင်ပါတယ်။

Vivo က X30 Pro ကိုလည်း ထုတ်လုပ်မှာ ဖြစ်ပြီး ၆.၈၉ လက်မ 90Hz AMOLED Display , 12GB RAM , 4,500mAh Battery တွေပါမယ်လို့ သတင်းထွက်နေပါတယ်။ 44W Fast Charging က တကယ်လန်းမှာပါ။ 32MP Selfie Camera က တူပေမယ့် အနောက်ကင်မရာတွေ အပြောင်းအလဲရှိပါတယ်။ အနောက်ဘက်မှာ 60MP, 12MP, 13MP , 13MP Camera တွေ ထည့်သွင်းထားမှာပါ။ လာမယ့် ရက်သတ္တပတ်တွေမှာ သူတို့ကို ကြေညာနိုင်ပါတယ်။

Ref : gsmarena

[Zawgyi]






Ref : gsmarena

%d bloggers like this: