ZTE က တန်ဖိုးနည်း Blade A7 Prime နဲ့ Blade 10 Prime ကို ကြေညာ

[Unicode]

ZTE က အမေရိကန်မှာ တန်ဖိုးနည်း Blade A7 Prime နဲ့ Blade 10 Prime ကို ကြေညာလိုက်ပါတယ်။

Blade A7 Prime

ဖုန်း ၂ လုံးမှာ သူက ဈေးသက်သာပြီး ၆.၀၉ လက်မ HD+ Display , 19.5:9 Aspect Ratio နဲ့ အရွယ်သေး Notch ပါပါတယ်။ 16MP Rear Camera နဲ့ 5MP Selfie Camera တွေ ထည့်ထားပါတယ်။ လက်ဗွေရာ အာရုံခံကိရိယာ ၊ MediaTek Helio A22 Chipset, 3GB RAM , 32GB Storage , microSD Slot , 3200mAh Battery နဲ့ Android 9 Pie ပါပါတယ်။ ၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁၅၀ ၀၀၀ လောက်ပဲရှိပါတယ်။

Blade 10 Prime

Blade 10 Prime မှာ ပိုလန်းတဲ့ Chipset ပါပါတယ်။ ၆.၃ လက်မ FHD+ Display နဲ့ အရွယ်သေး Notch ထည့်ထားပါတယ်။ 16MP Main နဲ့ 5MP Depth Sensor တွေကို အနောက်မှာ တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ပါပါတယ်။ Helio P60 SoC , 3GB RAM , 64GB Storage တွေ ထည့်ထားပါတယ်။ 3200mAh Battery , Android 9 Pie ပါလာပြီး ၁၇၉ ဒေါ်လာ တန်ကြေးရှိပါတယ်။ မြန်မာငွေ ၂၇၀ ၀၀၀ လောက်ရှိပါတယ်။

Ref : gsmarena

[Zawgyi]



Blade A7 Prime


Blade 10 Prime


Ref : gsmarena

%d bloggers like this: