Huawei MatePad Pro မှာ 40W Charging ပါမှာ သေချာပြီ
[Unicode]
Huawei MatePad Pro ရဲ့ သတင်းအချက်အလက်တွေ မကြာခင်က စတင် ထွက်ပေါ်လာနေပါပြီ။ ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေအရ မျက်နှာပြင်ဘေးဘောင်တွေက အရမ်းပါးလွှာပြီး ဒီဇိုင်းက အရမ်း မိုက်ပါတယ်။ Punch Hole Display က နောက်ဆုံးပေါ် Trend ဖြစ်ပါတယ်။ အခုတော့ သူ့ကို တရုတ်ရဲ့ 3C Certification Agency ရဲ့ ခွင့်ပြုချက်ရသွားပြီ ဖြစ်ပြီး သူ့ရဲ့ သတင်းအချက်အလက်တချို့ကို ပိုသိလာရပါပြီ။
3C Certification Agency ရဲ့ သတင်းအချက်အလက်အရ သူဟာ တက်ဘလက်ဖြစ်မှာ သေချာပြီး MRX-W09 နဲ့ MRX-AL09 Model Numbers တွေ ဖြစ်ပါတယ်။ အဲဒီအတွက် WiFi နဲ့ LTE Models ၂ မျိုးထွက်လာမှာ ဖြစ်ပါတယ်။ Mate 30 Series တွေမှာလို 40W Huawei SuperCharge ပါမှာ ဖြစ်တဲ့အတွက် အားသွင်းရင် ဖလန်းဖလန်းထနေပါတယ်။
အရင်သတင်းတွေအရ MatePad Pro မှာ 2560×1440 Resolution Display ပါလာမှာ ဖြစ်ပြီး Kirin 990 SoC မောင်းနှင်ထားပါတယ်။ 8GB RAM ပါလာမှာပါ။ သံလိုက်နဲ့ ချိတ်ဆက်နိုင်တဲ့ စမတ်ကီးဘုတ်ထည့်သွင်းထားမှာပါ။ M-Pen Stylus ပါတဲ့အတွက် စာရေးတာ၊ ပုံဆွဲတာတွေ လုပ်ရင် အရမ်းမိုက်ပါတယ်။ အဖြူ၊ အနက်၊ အစိမ်းနဲ့ လိမ္မော်ရောင်တွေ ထုတ်လုပ်ထားပါတယ်။
MatePad Pro ကို ကြေညာမယ့် နေ့ရက်ကို မသိရသေးပါဘူး။ ဒါပေမယ့် အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ လက်မှတ်တွေရထားပြီးပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ သိပ်မလိုတော့ပါဘူး။
Ref : gsmarena
[Zawgyi]
Ref : gsmarena
%d bloggers like this: