iPhone 11 Pro Max ထက် ကင်မရာ ပိုလန်းတဲ့ Xiaomi Mi CC9 Pro

[Unicode]

DxOMark က iPhone 11 Pro နဲ့ Pro Max တို့ရဲ့ ကင်မရာတွေကို စမ်းသပ်လိုက်ပါတယ်။ သူတို့ ၂ လုံးရဲ့ ကင်မရာနဲ့ Chipset တွေက တူတဲ့အတွက် ရုပ်သေဓါတ်ပုံနဲ့ ဗီဒီယို အမှတ်တွေက တူကြပါတယ်။ DxOMark မှာ သူတို့ဟာ စုစုပေါင်း ၁၁၇ မှတ်ရသွားပြီး Galaxy S10 Series တွေနဲ့ အတူ နံပါတ် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့် သူတို့ဟာ Huawei Mate 20 Pro နဲ့ မကြာခင်က ကြေညာခဲ့တဲ့ Xiaomi Mi CC9 Pro/Mi Note 10 ထက် အမှတ် နည်းသွားပါတယ်။

iPhone 11 Pro ဟာ အရမ်းကို ကြည်လင်ပြတ်သားပြီး အရောင်အသွေး စုံလင်တဲ့ ဓါတ်ပုံတွေကို ဖမ်းယူပေးနိုင်ပါတယ်။ အရောင်တွေက တိကျပြီး သဘာဝကျပါတယ်။ မြင်ကွင်းကျယ် ကင်မရာက အရမ်းကို အသေးစိတ်ကျတယ်လို့ DxOMark က ညွှန်းထားပါတယ်။ ဒါပေမယ့် အလင်းရောင် အခြေအနေအားလုံးမှာ Noise ပါနေပြီး အဝေးကနေ Zoom ဆွဲ ရိုက်ကူးတဲ့ ဓါတ်ပုံတွေဟာ အသေးစိတ်မကျပါဘူး။ အဲဒါတွေကြောင့် အမှတ်နည်းသွားတာ ဖြစ်ပါတယ်။

ဗီဒီယိုတွေကတော့ မိုက်ပြီး အသေးစိတ်ကျပါတယ်။ Stabilization က အရမ်းလန်းပါတယ်။ အားနည်းတာက တချို့အခြေအနေတွေမှာ White Balance ပြဿနာရှိတတ်ပါတယ်။ ဗီဒီယို အမှတ်က ၁၀၂ ဖြစ်ပြီး ဖုန်းတွေထဲမှာ ထိပ်ဆုံးအဆင့်ကို ရောက်သွားပါတယ်။

Ref : gsmarena

[Zawgyi]

iPhone 11 Pro Max ထက္ ကင္မရာ ပိုလန္းတဲ့ Xiaomi Mi CC9 Pro

DxOMark က iPhone 11 Pro နဲ႔ Pro Max တို႔ရဲ႕ ကင္မရာေတြကို စမ္းသပ္လိုက္ပါတယ္။ သူတို႔ ၂ လုံးရဲ႕ ကင္မရာနဲ႔ Chipset ေတြက တူတဲ့အတြက္ ရုပ္ေသဓါတ္ပံုနဲ႔ ဗီဒီယို အမွတ္ေတြက တူၾကပါတယ္။ DxOMark မွာ သူတို႔ဟာ စုစုေပါင္း ၁၁၇ မွတ္ရသြားၿပီး Galaxy S10 Series ေတြနဲ႔ အတူ နံပါတ္ ၃ ေနရာမွာ ရပ္တည္ေနပါတယ္။ ဒါေပမယ့္ သူတို႔ဟာ Huawei Mate 20 Pro နဲ႔ မၾကာခင္က ေၾကညာခဲ့တဲ့ Xiaomi Mi CC9 Pro/Mi Note 10 ထက္ အမွတ္ နည္းသြားပါတယ္။

iPhone 11 Pro ဟာ အရမ္းကို ၾကည္လင္ျပတ္သားၿပီး အေရာင္အေသြး စံုလင္တဲ့ ဓါတ္ပံုေတြကို ဖမ္းယူေပးႏုိင္ပါတယ္။ အေရာင္ေတြက တိက်ၿပီး သဘာ၀က်ပါတယ္။ ျမင္ကြင္းက်ယ္ ကင္မရာက အရမ္းကို အေသးစိတ္က်တယ္လို႔ DxOMark က ညႊန္းထားပါတယ္။ ဒါေပမယ့္ အလင္းေရာင္ အေျခအေနအားလံုးမွာ Noise ပါေနၿပီး အေ၀းကေန Zoom ဆြဲ ရိုက္ကူးတဲ့ ဓါတ္ပံုေတြဟာ အေသးစိတ္မက်ပါဘူး။ အဲဒါေတြေၾကာင့္ အမွတ္နည္းသြားတာ ျဖစ္ပါတယ္။

ဗီဒီယိုေတြကေတာ့ မိုက္ၿပီး အေသးစိတ္က်ပါတယ္။ Stabilization က အရမ္းလန္းပါတယ္။ အားနည္းတာက တခ်ိဳ႕အေျခအေနေတြမွာ White Balance ျပႆနာရွိတတ္ပါတယ္။ ဗီဒီယို အမွတ္က ၁၀၂ ျဖစ္ၿပီး ဖုန္းေတြထဲမွာ ထိပ္ဆံုးအဆင့္ကို ေရာက္သြားပါတယ္။

Ref : gsmarena

%d bloggers like this: