Xiaomi Mi Watch vs Apple Watch Series 5 vs Huawei Watch GT 2 vs Samsung Galaxy Watch Active 2 : Specs Comparison

[Unicode]

Xiaomi က မကြာခင်က Google WearOS ပါတဲ့ Mi Watch ကို ကြေညာခဲ့ပါတယ်။ သူ့ရဲ့ အလန်းစား အစိတ်အပိုင်းက ၁.၇၈ လက်မ AMOLED Display ဖြစ်ပြီး နှလုံးခုန်နှုန်းတိုင်းတာတဲ့ လုပ်ဆောင်ချက်၊ NFC နဲ့ e-SIM Support တွေ ပါပါတယ်။ ဖုန်းနဲ့ ချိတ်စရာ မလိုဘဲ ဖုန်းပြောနိုင်ပါတယ်။ သူ့လိုပဲ အလန်းစား စမတ်နာရီတွေ ဖြစ်တဲ့ Galaxy Watch Active 2 (44mm), Apple Watch Series 5 (44mm) နဲ့ Huawei Watch GT 2 (46mm) တို့ကို နှိုင်းယှဉ်ပေးလိုက်ပါတယ်။


ဈေးနှုန်း

Apple Watch Series 5 ရဲ့ ဝိုင်ဖိုင် မော်ဒယ်ဟာ ၄၂၉ ဒေါ်လာနဲ့ 4G မော်ဒယ်ဟာ ၅၂၉ ဒေါ်လာ ဖြစ်ပါတယ်။ အလန်းစား လက်ပတ်တွေပါရင် ဒေါ်လာ ၁၃၉၉ အထိ ရှိပါတယ်။ Mi Watch အတွက် ရိုးရိုးနဲ့ စွမ်းရည်မြင့် မော်ဒယ်တွေ ထုတ်လုပ်ထားပြီး ၁၈၅ နဲ့ ၂၅၇ ဒေါ်လာ အသီးသီးရှိပါတယ်။ Galaxy Watch Active 2 (44 mm) ရဲ့ ဝိုင်ဖိုင် မော်ဒယ်ဟာ ၂၉၉ ဒေါ်လာနဲ့ 4G မော်ဒယ်ဟာ ၄၄၉ ဒေါ်လာ ဖြစ်ပါတယ်။ Huawei Watch GT 2 ကို ဝိုင်ဖိုင်မော်ဒယ်ပဲ ထုတ်ထားပြီး ၂၇၇ ဒေါ်လာရှိပါတယ်။

Ref : gizmochina

[Zawgyi]

Xiaomi Mi Watch vs Apple Watch Series 5 vs Huawei Watch GT 2 vs Samsung Galaxy Watch Active 2 : Specs Comparison



ဈေးနှုန်း


Ref : gizmochina

%d bloggers like this: