Xiaomi Redmi Note 8 Pro ရဲ့ အပြာရောင် ထွက်ရှိ

Xiaomi က Redmi Note 8 Pro ရဲ့ အရောင်အသစ်တစ်မျိုးကို ရောင်းချပေးလိုက်ပါတယ်။ Deep Sea Blue လို့ နာမည်ပေးထားပြီး ထိုင်ဝမ်မှာ အရောင်အသစ်ကို ဝယ်ယူနိုင်ပါပြီ။ ပင်လယ်သမုဒ္ဒရာ အရောင်လေး ဖြစ်ပါတယ်။ ထိုင်ဝမ်မှာ အဲဒီဖုန်းအတွက် Memory ၂ မျိုးရောင်းပေးထားပါတယ်။ 6/64GB ကို ထိုင်ဝမ်ဒေါ်လာ ၆၅၉၉ နဲ့ 6/128GB ကို ၇၅၉၉ သတ်မှတ်ထားပါတယ်။ ၃၃၀ ၀၀၀ နဲ့ ၃၈၀ ၀၀၀ အသီးသီးကျသင့်မှာ ဖြစ်ပါတယ်။

အရင်ကတော့ Ice Jade, Fritillaria White နဲ့ Electro-optic Ash အရောင်တွေ ရောင်းပေးထားပါတယ်။ သူဟာ 64MP Camera ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ Samsung ရဲ့ ISOCELL Bright GW1 Sensor ဖြစ်ပြီး Quad-binning Pixel နည်းပညာ ထည့်သွင်းထားပါတယ်။ ဂိမ်းအသားပေး Helio G90T Chipset ပါတဲ့အတွက် ဂိမ်းကစားရင် ဖလန်းဖလန်းထနေမှာပါ။ 18W Fast Charging ပါတဲ့ 4500mAh Battery ထည့်ထားပါတယ်။

၆.၅၃ လက်မ Full HD+ Display တပ်ဆင်ထားပြီး ဘေးဘောင်တွေက ပါးလွှာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ 64MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ AI Features နဲ့ Scene Recognition တွေပါတဲ့ 20MP Selfie Camera ကို Notch မှာ ထည့်သွင်းထားပါတယ်။

Ref : gsmarena

Xiaomi Redmi Note 8 Pro ရဲ့ အပြာရောင် ထွက်ရှိ

%d bloggers like this: