Honor 20S ကို ဥရောပမှာ Huawei P30 Lite နာမည်နဲ့ ရောင်းမည်

Honor 20S ကို စက်တင်ဘာလမှာ တရုတ်တွင် ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို ဥရောပမှာ Huawei P30 Lite နာမည်နဲ့ ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။ ရုရှားမှာ မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး မော်ဒယ်နံပါတ်က MAR-LX1H ဖြစ်ပါတယ်။

သူ့မှာ ၆.၁၅ လက်မ FHD+ Display တပ်ဆင်ထားပြီး Waterdrop Notch ပါလာပါတယ်။ Honor 20S ရဲ့ Kirin 810 မဟုတ်ဘဲ Kirin 710 Processor မောင်းနှင်ထားပါတယ်။ 4GB RAM , 128GB Storage ထည့်သွင်းထားနိုင်ပါတယ်။ ဒါပေမယ့် Honor ံက Huawei P30 Lite နဲ့ ကွဲထွက်အောင် Configuration ကို ပြောင်းနိုင်ပါတယ်။
48MP Main Camera အပါအဝင် အနောက်ကင်မရာ ၃ လုံး ပါလာမှာပါ။ အပို ကင်မရာတွေရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ ဒါပေမယ့် သူတို့ကိုလည်း ပြောင်းလဲထားနိုင်ပါတယ်။ P30 Lite မှာ 8MP Ultrawide Camera နဲ့ 2MP Depth Sensor တွေ ထည့်သွင်းထားတာပါ။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာမှာပါ။ အောက်ခြေမှာ Huawei Logo ကို Honor Logo နဲ့ အစားထိုးထားပါတယ်။ တခြား Specs တွေကို မသိရသေးပါဘူး။ ထွက်ပေါ်နေတဲ့ ဓါတ်ပုံတွေအရ အဖြူ၊ အပြာနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားမှာပါ။

Ref : gizmochina

Honor 20S ကို ဥရောပမှာ Huawei P30 Lite နာမည်နဲ့ ရောင်းမည်

%d bloggers like this: