တရုတ်မှာ ကြေညာလိုက်တဲ့ Vivo Y5s

Vivo က စွမ်းရည်သင့် Y5s ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ သူဟာ ပြီးခဲ့တဲ့တစ်ပတ်က ထိုင်းမှာ ကြေညာခဲ့တဲ့ Y19 ပဲ ဖြစ်ပါတယ်။ သူ့မှာ ၆.၅၃ လက်မ Full HD+ Display တပ်ဆင်ထားပြီး Waterdrop Notch ပါပါတယ်။ အနောက်ဘက်မှာ 16MP , 8MP Ultrawide Angle နဲ့ 2MP Depth Sensor တွေထည့်သွင်းထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။

၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်ပါတယ်။ ၄ စင်တီမီတာအကွာအဝေးက အရာဝတ္ထုတွေကို အမိုက်စား ရိုက်ကူးပေးနိုင်ပါတယ်။ 5,000mAh Battery က အလန်းစားဖြစ်ပြီး လျှင်မြန်စွာ အားသွင်းစနစ်ပါပါတယ်။ တခြား ဖုန်းတွေကို အားသွင်းပေးနိုင်တဲ့ စွမ်းရည်က လန်းပါတယ်။

သူ့မှာ MediaTek Helio P65 Chipset ကို သုံးထားပါတယ်။ 6GB RAM /128GB Storage ပါပါတယ်။ ကင်မရာ လုပ်ဆောင်ချက်ထဲမှာ သင့်ရဲ့ အကောင်းဆုံး Pose ကို အလိုလို ဖမ်းယူပေးနိုင်တဲ့ Pose Master ပါပါတယ်။ အရောင်သုံးမျိုးထုတ်လုပ်ထားပါတယ်။ Android Pie အခြေပြု Funtouch OS 9.2 မောင်းနှင်ထားပါတယ်။ ဂိမ်းကစားရင် အရမ်းလန်းမယ့် Game Cube , Multi Turbo တွေ ပါပါတယ်။ ယွမ် ၁၄၉၈ သတ်မှတ်ထားပြီး မြန်မာငွေ ၃၂၀ ၀၀၀ လောက်ရှိပါတယ်။

Ref : gsmarena

တရုတ်မှာ ကြေညာလိုက်တဲ့ Vivo Y5s

%d bloggers like this: