AMOLED Punch Hole Display ပါတဲ့ ပထမဆုံး တရုတ် ဖုန်းဟာ Vivo S5 ဖြစ်လာမည်

[Zawgyi]

Galaxy S10 Series တွေမှာ ပထမဆုံး အနေနဲ့ AMOLED Punch Hole Display ပါလာပါတယ်။ မကြာခင်မှာ ကြေညာတော့မယ့် Vivo S5 မှာလည်း အဲဒီ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်တယ်လို့ တရုတ် ကနေ သတင်းထွက်လာပါတယ်။ သူဟာ AMOLED Punch Hole Display ပါတဲ့ ပထမဆုံး တရုတ် ဖုန်း ဖြစ်လာမှာပါ။

အရင်ကလည်း သူ့ရဲ့ ဓါတ်ပုံတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ သူ့ရဲ့ Specs တွေကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဓါတ်ပုံတွေအရ Vivo S5 နဲ့ S5 Pro ဆိုပြီး မော်ဒယ် ၂ မျိုးထုတ်လုပ်ထားနိုင်ပါတယ်။ သူတို့ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်နေပြီး ၁ လုံးမှာ Punch-hole Display ပါပြီး နောက် ၁ လုံးမှာ Notch-less Display ပါတာ မြင်ရပါတယ်။ အနောက်ကင်မရာ ၄ လုံးနဲ့ ၃ လုံးစီ အသီးသီး တပ်ဆင်ထားပါတယ်။

ပြီးခဲ့တဲ့ လက ကုမ္ပဏီရဲ့ Celebrity Ambassador ဖြစ်သူ Cai Xukun က Esquire Fine အတွက် အင်တာဗျူးတစ်ခုမှာ အဲဒီဖုန်းအကြောင်း သတင်းပေးခဲ့ပါတယ်။ Cai Xukun ဟာ ကေပေါ့ပ် အမျိုးသား အဖွဲ့ Nine Percent ရဲ့ ခေါင်းဆောင် ဖြစ်ပြီး သူ့ကို Kun လို့ ပိုသိကြပါတယ်။ သူက အဲဒီ ဖုန်း အသစ်ကို ကိုင်ထားပြီး အနောက်ဘက်မှာ စိန်ပုံသဏ္ဍာန် တပ်ဆင်ထားတဲ့ ကင်မရာတွေကို မြင်ရပါတယ်။ အနည်းဆုံး ၃ လုံး တပ်ဆင်ထားပါတယ်။ ကုမ္ပဏီက တရုတ်နိုင်ငံ ဟန်ဇူးမှာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ မိတ်ဆက်မယ်လို့ မကြာခင်က သတင်းပေးလိုက်ပါတယ်။

Ref : gizmochina

[Zawgyi]

AMOLED Punch Hole Display ပါတဲ့ ပထမဆံုး တရုတ္ ဖုန္းဟာ Vivo S5 ျဖစ္လာမည္

Galaxy S10 Series ေတြမွာ ပထမဆံုး အေနနဲ႔ AMOLED Punch Hole Display ပါလာပါတယ္။ မၾကာခင္မွာ ေၾကညာေတာ့မယ့္ Vivo S5 မွာလည္း အဲဒီ မ်က္ႏွာျပင္ တပ္ဆင္ထားမွာ ျဖစ္တယ္လို႔ တရုတ္ ကေန သတင္းထြက္လာပါတယ္။ သူဟာ AMOLED Punch Hole Display ပါတဲ့ ပထမဆံုး တရုတ္ ဖုန္း ျဖစ္လာမွာပါ။

အရင္ကလည္း သူ႔ရဲ႕ ဓါတ္ပံုေတြ မၾကာခဏ ေပါက္ၾကားထြက္ေပၚေနပါတယ္။ သူ႔ရဲ႕ Specs ေတြကိုေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ ဓါတ္ပံုေတြအရ Vivo S5 နဲ႔ S5 Pro ဆိုၿပီး ေမာ္ဒယ္ ၂ မ်ိဳးထုတ္လုပ္ထားႏုိင္ပါတယ္။ သူတို႔ရဲ႕ ဓါတ္ပံုေတြ ေပါက္ၾကားထြက္ေပၚေနၿပီး ၁ လံုးမွာ Punch-hole Display ပါၿပီး ေနာက္ ၁ လံုးမွာ Notch-less Display ပါတာ ျမင္ရပါတယ္။ အေနာက္ကင္မရာ ၄ လံုးနဲ႔ ၃ လံုးစီ အသီးသီး တပ္ဆင္ထားပါတယ္။

ၿပီးခဲ့တဲ့ လက ကုမၸဏီရဲ႕ Celebrity Ambassador ျဖစ္သူ Cai Xukun က Esquire Fine အတြက္ အင္တာဗ်ဴးတစ္ခုမွာ အဲဒီဖုန္းအေၾကာင္း သတင္းေပးခဲ့ပါတယ္။ Cai Xukun ဟာ ေကေပါ့ပ္ အမ်ိဳးသား အဖြဲ႕ Nine Percent ရဲ႕ ေခါင္းေဆာင္ ျဖစ္ၿပီး သူ႔ကို Kun လို႔ ပိုသိၾကပါတယ္။ သူက အဲဒီ ဖုန္း အသစ္ကို ကိုင္ထားၿပီး အေနာက္ဘက္မွာ စိန္ပံုသ႑ာန္ တပ္ဆင္ထားတဲ့ ကင္မရာေတြကို ျမင္ရပါတယ္။ အနည္းဆံုး ၃ လံုး တပ္ဆင္ထားပါတယ္။ ကုမၸဏီက တရုတ္ႏိုင္ငံ ဟန္ဇူးမွာ ႏို၀င္ဘာလ ၁၄ ရက္ေန႔မွာ မိတ္ဆက္မယ္လို႔ မၾကာခင္က သတင္းေပးလိုက္ပါတယ္။

Ref : gizmochina

%d bloggers like this: