ပရိတ်သတ် စိတ်ဝင်စားမှုအများဆုံးရှိထားသော Myanmar Idol Season (4) ကို OPPO Myanmar မှ Official Smartphone Sponsor အဖြစ် ပံ့ပိုးကူညီသွားမည်

OPPO Myanmar မှ ပရိတ်သတ် စိတ်ဝင်စားမှုအများဆုံးရှိထားသော Myanmar Idol Season (4) သီချင်းဆိုပြိုင်ပွဲကို Official Smartphone Sponsor အဖြစ် ပံ့ပိုးကူညီပေးသွားတော့မည် ဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့် ကြေညာအပ်ပါသည်။ ယခုကျင်းပမည့် Myanmar Idol ပြိုင်ပွဲသည် (၄)ကြိမ်မြောက်အထိကို ရောက်ရှိလာပြီ ဖြစ်ပြီး ယခုပြိုင်ပွဲတွင်လည်း မြို့နယ် ပေါင်း ၂ဝက ပြိုင်ပွဲဝင်သုံးသောင်းကျော် လာရောက် ယှဉ်ပြိုင်ကြကြောင်း သိရှိရပါသည်။ Myanmar Idol မှ Top 11 ပြိုင်ပွဲဝင်များကိုလည်း ကြေညာပေးထားပြီး ပြိုင်ပွဲကို OPPO မှ မကြာခင်က အသစ်စက်စက် မိတ်ဆက်ပေးထားသော OPPO Reno2 I 2F စမတ်ဖုန်းများနှင့်အတူ ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါသည်။

Myanmar Idol Season (4) ကို ပံ့ပိုးကူညီပေးသွားမည့် OPPO Reno2 စမတ်ဖုန်းသည် ၅ဆအထိ ချဲ့နိုင်ပြီး အဝေးက ပုံရိပ်များကိုတောင် ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်သော 5x Hybrid Zoom၊ အဆ၂၀အထိချဲ့နိုင်သော 20x Digital Zoom၊ ရုပ်ငြိမ် videoများကို ရိုက်ကူးနိုင်မည့် Ultra Steady Video နှင့် အလင်းရောင်မရှိသလောက် အချိန်များတွင်တောင် ထင်ထင်ရှားရှားမြင်ရအောင် ရိုက်ကူးပေးနိုင်သည့် Ultra Dark Mode များပါဝင်ထားသည့် အသုံးပြုသူတိုင်းသဘောကျစေမည့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါသည်။  Myanmar Idol ပြိုင်ပွဲဝင် (၁၁)ယောက်၏ အလှဓာတ်ပုံများကိုလည်း Shane Photography မှ OPPO Reno2 စမတ်ဖုန်းနှင့်အတူ အလှပဆုံး ပုံဖော်ရိုက်ကူးပေးထားခြင်း ဖြစ်ပါသည်။

Reno2 F စမတ်ဖုန်းသည်လည်း အချိန်တိုင်းနေရာတိုင်း စိတ်ကူးရှိသလောက် ပုံတွေကို ရိုက်ကူးနိုင်မည့် Quad Camera set up ဖြစ်သည့် 48MP Ultra Clear Main Camera၊ 8MP Ultra Wide Angle Lens၊ 2MP Mono Lens နှင့် 2MP Portrait Lens များ ပါဝင်ထားသည့်အတွက် Ultra Wide Angle Video ရိုက်ကူးမှုများကိုလည်း ပြုလုပ်နိုင်ဦးမည် ဖြစ်သည့်အပြင် Ultra Night Mode 2.0 လည်း ထည့်သွင်းပေးထားသည့်အတွက် ညဘက်ဓာတ်ပုံရိုက်ကူးမှုများကိုလည်း အကောင်းဆုံး ရိုက်ကူးပေးနိုင်မည့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါသည်။ အကောင်းဆုံး Camera စွမ်းဆောင်ရည်များ ပါရှိသော OPPO Reno2 စမတ်ဖုန်းကို ခမ်းနားကျော့ရှင်းသည့် Luminous Black နှင့် ပင်လယ်သမုဒ္ဒရာများ၏ ထူးခြားသိမ်မွေ့သည့် အရောင် Ocean Blue တို့ဖြင့် ရရှိနိုင်မည်ဖြစ်ပြီး မြန်မာငွေ (၇၉၉,၉၀၀) ကျပ်ဖြင့် လည်းကောင်း၊ Reno2 F ကို ဂန္ထဝင်ဆန်သော Sky White နှင့် စိမ်းစိုတောက်ပသော Lake Green တို့ဖြင့် ရရှိနိုင်မည် ဖြစ်ပြီး မြန်မာငွေ (၅၂၉,၉၀၀) ကျပ်ဖြင့် လည်းကောင်း နိုဝင်ဘာလ (၂)ရက်နေ့ကစတင်ပြီး OPPO ဖုန်းအရောင်းကောင်တာတိုင်းတွင် ရောင်းချပေးတော့မည် ဖြစ်ပါသည်။

ဝယ်ယူအားပေးသူများအတွက် OPPO မှ ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အောက်တိုဘာ ၃၁ မှစတင်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ် စတင်တော့မည့် Myanmar Idol Season (4) ပြိုင်ပွဲသို့ ကိုယ်တိုင်တိုက်ရိုက်သွားရောက်ခွင့်ကိုလည်း ပေးအပ်သွားမည်ဖြစ်ပါသည်။ OPPO Reno2 I 2F စမတ်ဖုန်း ဝယ်ယူထားသူများသည် ဝယ်ယူထားကြောင်းသက်သေဖြစ်သော ဖြတ်ပိုင်းဘောင်ချာကို OPPO Myanmar Facebook Page တွင် တင်ထားသော ပို့စ်တွင် Comment ပေးရမည်ဖြစ်ပြီး ကံထူးသူအယောက် (၂၀)သည် ကြာသပတေးနေ့တွင် ကျင်းပပေးသွားမည့် Myanmar Idol Season (4) ပြိုင်ပွဲကို သွားရောက်ကြည့်ရှုဖို့အတွက် အခွင့်အရေး ရရှိသွားမည် ဖြစ်ပါသည်။ ထို့အပြင် အပတ်စဥ် စနေနေ့တိုင်းတွင် OPPO Diary Campaign ကိုလည်း OPPO Myanmar Facebook Pageတွင် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ကံထူးသူအယောက် ၂၀ ကို ရွေးချယ်ကာ သောကြာနေ့တွင် ပြုလုပ်မည့်  Myanmar Idol Season (4) ပြိုင်ပွဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခွင့်များကိုလည်း အပတ်စဥ် အင်္ဂါနေ့တိုင်း ‌ရွေးချယ်ပေးသွားဦးမည် ဖြစ်ကြောင်း သိရှိရပါသည်။

#OPPOMyanmar

%d bloggers like this: